ပူတင်နှင့်ခါ‌ မေနီ တို့တေရန်၌ နှစ်နိုင်ငံဆက်ဆံရေး ဆွေးနွေးခဲ့

0
165

ပူတင်နှင့်ခါ‌ မေနီ တို့တေရန်၌ နှစ်နိုင်ငံဆက်ဆံရေး ဆွေးနွေးခဲ့

လန်ဒန်/ဒူဘိုင်း၊ ဇူလိုင် ၁၉ ရက်

ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် အီရန်ထိပ်သီးခေါင်းဆောင် အယာတိုလာ အာလီ ခါမေနီနှင့် ဇူလိုင်လ ၁၉ ရက် အင်္ဂါနေ့၌ အီရန်နိုင်ငံတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အဆိုပါခရီးစဉ်သည် ဖေဖော်ဝါရီလ ၂၄ ရက်နေ့၌ စတင်ခဲ့သော ရုရှား-ယူကရိန်း အရေးအခင်းနောက်ပိုင်း ကရင်မလင်ခေါင်းဆောင်ပူတင်၏ ပထမဆုံး ပြည်ပခရီးစဉ် ဖြစ်လာသည်။

ခါမေနီက အီရန်နှင့် ရုရှားနိုင်ငံကြား ရေရှည်ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ရန် တောင်းဆိုခဲ့ပြီး ၎င်းတို့နှစ်နိုင်ငံသည် အနောက်နိုင်ငံများ၏ လှုပ်ရှားမှုများအပေါ် သတိထားစောင့်ကြည့်ရန် လိုအပ်ကြောင်း ပူတင်အား ပြောခဲ့သည်ဟု အီရန်နိုင်ငံပိုင် သတင်းဌာနတွင် ဖော်ပြထားသည်။

ပူတင်က ရုရှားသည် အမေရိကန်ထံမှ ၎င်း၏လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်ဟု အာမခံထားပြီး နိုင်ငံတိုင်းသည် ကုန်စည်ဖလှယ်ရာ၌ ၎င်းတို့၏ ကိုယ်ပိုင်နိုင်ငံသုံးငွေကြေးကို စတင်အသုံးပြုသင့်ကြောင်း ပြောကြားခဲ့သည်ဟု ခါမေနီက ဆိုသည်။

ခါမေနီက အဆိုပါဆွေးနွေးမှုအတွင်း အမေရိကန်ဒေါ်လာ အသုံးပြုခြင်းကို ဖြည်းဖြည်းချင်း ဖယ်ရှားနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရုရှား-ယူကရိန်း အရေးအခင်းနှင့် ပတ်သက်၍လည်း ခါမေနီက ရုရှား၌ အခြားရွေးချယ်စရာ အနည်းငယ်သာရှိသဖြင့် ယူကရိန်း၌ ရုရှား၏ အထူးစစ်ဆင်ရေးကို စတင်ခဲ့သည်ဟု ဆိုသည်။။

ဝါရှင်တန်က ပူတင်၏ တေရန်ခရီးစဉ်သည် ယူကရိန်းအရေးအခင်း၏ နောက်ဆက်တွဲအနေဖြင့် ရုရှားသည် မည်ကဲ့သို့ အထီးကျန်ဖြစ်လာခဲ့သည်ကို ပြသနေကြောင်း ပြောကြားခဲ့သည်။

၎င်းခရီးစဉ်အတွင်း ပူတင်သည် အီရန်မြို့တော် တေရန်၌ နေတိုးခေါင်းဆောင်ဖြစ်သည့် တိုင်ယစ် အဲဒိုဝန်နှင့်လည်း တွေ့ဆုံမှုပြုလုပ်ခဲ့ကာ ယူကရိန်း သို့စပါးတင်ပို့မှုများ ပြန်လည်စတင်ရန် အပြင် ဆီးရီးယားမြောက်ပိုင်းရှိ ပဋိပက္ခများကို ဖြေရှင်းမည့် သဘောတူညီချက်တစ်ရပ်ကို ဆွေးနွေးခဲ့သည်။

Source: Reuters

 


LEAVE A REPLY

Please enter your comment!
Please enter your name here