အောင်မြေသာစံမြို့နယ်ရှိ အမှတ်(၃၆)အ.ထ.က ကျောင်းဝင်းအတွင်းဗုံးပေါက်ကွဲ

0
105

အောင်မြေသာစံမြို့နယ်ရှိ အမှတ်(၃၆)အ.ထ.က ကျောင်းဝင်းအတွင်းဗုံးပေါက်ကွဲ

မန္တလေးတိုင်း၊အောင်မြေသာစံမြို့နယ်၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြားရှိ အမှတ်(၃၆)အ.ထ.က ကျောင်းဝင်းအတွင်း၌ ဇူလိုင် ၁၈ ရက်ညပိုင်းက လက်လုပ်ဗုံးပေါက်ကွဲခဲ့ကြောင်း နစက မှထုတ်ပြန်ခဲ့သည်။

ယင်းနေ့ည ၉ နာရီ ၅၀ မိနစ်ခန့်က လက်လုပ်ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကာ အခင်းဖြစ်ချိန်က ကျောင်းရှေ့လမ်းပေါ်မှ ဆိုင်ကယ်ဖြင့်ဖြတ်သန်းသွားသည့် ပြည်ကြီးရန်လုံရပ်ကွက်နေ ဖြိုးသက်ပိုင်ခန့်(၂၃)နှစ်တွင် မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ကျောင်းဝင်းအတွင်းရပ်ထားသည့် HIJET ကား၏ လေကာမှန် ၂ ချပ်နှင့်ကျောင်းပြတင်း ပေါက်မှန် ၂ ချပ်တို့လည်း ကွဲအက်ပျက်စီးခဲ့ ကြောင်း သိရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here