အော်ရီဒူး ဆက်သွယ်ရေးကုမ္ပဏီမှ မြန်မာနိုင်ငံရှိ၎င်း၏လုပ်ငန်းကို ရောင်းချရန် ဆွေးနွေးနေဟု ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြ

0
116

အော်ရီဒူး ဆက်သွယ်ရေးကုမ္ပဏီမှ မြန်မာနိုင်ငံရှိ၎င်း၏လုပ်ငန်းကို ရောင်းချရန် ဆွေးနွေးနေဟု ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြ

၂၀၁၃ ခုနှစ်မှ စတင်ပြီး မြန်မာပြည်တွင်းရှိ ဆက်သွယ်ရေး ကဏ္ဍတွင် ဝင်ရောက် လုပ်ကိုင်နေသည့် အော်ရီဒူး ကုမ္ပဏီဟာ ၎င်းတို့၏ မြန်မာပြည်တွင်းမှ လုပ်ငန်းများ ရောင်းချကာ ပြန်လည်ထွက်ခွာရန် ပြင်ဆင်နေကြောင်း ရိုက်တာ သတင်းတစ်ရပ်က ဖော်ပြသည်။

အော်ရီဒူးသည် မြန်မာပြည်တွင်း၌ တတိယ အောင်မြင်ဆုံး ဆက်သွယ်ရေး ကွန်ရက်တစ်ခုဖြစ်ပြီး အသုံးပြုသူ ၁၅ သန်းဝန်းကျင်ရှိနေဟည့် ပြည်ပအခြေစိုက် ဆက်သွယ်ရေး လုပ်ငန်းတစ်ခု ဖြစ်သည်။

အောင်မြင်မှုရနေသည့် လုပ်ငန်းတစ်ခုဖြစ်သော်လည်း မည်သည့်အကြောင်းရင်းကြောင့် ယခုလို ပြန်လည်ထွက်ရန် ပြင်ဆင်ခြင်းဖြစ်ကြောင်းကို အော်ရီဒူး မြန်မာအနေ ဖြင့် ထုတ်ဖော်ပြောကြားထားခြင်း ပေ။

လက်ရှိတွင် အော်ရီဒူး ကုမ္ပဏီအနေဖြင့် ၎င်း၏ လုပ်ငန်းများ ရောင်းချရန် မြန်မာကုမ္ပဏီ (၂) ခု အပါအဝင် စင်ကာပူ အခြေစိုက် ကုမ္ပဏီ တစ်ခုတို့ဖြင့် ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း ရိုက်တာ၏ သတင်းဖော်ပြချက်အရ သိရသည်။

အဆိုပါ ဆွေးနွေးနေသည့် ကုမ္ပဏီ (၃) ခုမှာ မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီများဖြစ်သည့် Young Investment Group နှင့် Sky Net Group တို့အပြင် စင်ကာပူ အခြေစိုက်ကွန်ယက်အခြခံ အဆောက်အအုံ အော်ပရေတာ Campana Group တို့ဖြစ် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ ကုမ္ပဏီ (၃) နှင့် အော်ရီဒူးတို့အကြားဆွေးနွေးမှုများ မပြီးပြတ်သေးကြောင်း ရိုက်တာသတင်းက ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here