ဩစ‌တြေးလျတွင် ကိုဗစ်ကြောင့် အိမ်မှသာအလုပ်လုပ်ရန်တိုက်တွန်း

0
249

ဩစ‌တြေးလျတွင် ကိုဗစ်ကြောင့် အိမ်မှသာအလုပ်လုပ်ရန်တိုက်တွန်း

ဆစ်(ဒ)နီ၊ဇူလိုင် ၂၀

ကိုဗစ်ကြောင့် ဆေးရုံတက်နေရသူဦးရေသည်စံချိန်တင်မြင့်မားလာသဖြင့် သြစတြေးလျနိုင်ငံသားများအား အိမ်မှသာအလုပ်လုပ်ကာ အိမ်တွင်း၌ပါနှာ‌ခေါင်းစည်းများ တပ်ဆင်ရန်တိုက်တွန်းထားသည်။

နိုင်ငံအတွင်း၌ အိုမီခရွန်မျိုးကွဲများဖြစ်သည့် BA.4 နှင့် BA.5 တတိယလှိုင်းဖြစ်ပေါ်နေပြီး ယခုလအစောပိုင်းတွင် ဖြစ်ပွားမှုများမြင့်လာ၍ Booster ဆေးကိုဒုတိယအကြိမ်မြောက်ကျယ်ကျယ်ပြန့်ပြန့်ထိုးနှံပေးခဲ့သည်။

အင်္ဂါနေ့တွင်ဖြစ်ပွားသူဦးရေသည် ၅၀,၂၄၈ အထိတိုးလာခဲ့ပြီး နှစ်လအတွင်းအများဆုံးဖြစ်သည်။သြစတြေးလျနိုင်ငံသား ၅,၂၃၉ ဦးသည်ကိုဗစ်ဖြင့် ဆေးရုံတက်နေရပြီး ဇန်နဝါရီလက စံချိန်တင်ထား‌ သော ၅,၃၉၀ အောက် အနည်းငယ်သာ‌လျော့နည်းသည်။

“ကျွန်တော်တို့အနေနဲ့ အချိန်တိုအတွင်း ထိရောက်တဲ့အရာကို လုပ်ဆောင်ဖို့လိုပါတယ်” ဟု သြစတြေးလျဆေးမှုးချုပ် ပေါလ်ကယ်လီက ABC Radio သို့ ဗုဒ္ဓဟူးနေ့တွင်ပြောကြားခဲ့သည်။

“အိမ်က‌ နေအလုပ်လုပ်တာက ရောဂါပျံ့တာကိုရပ်တန့်ဖို့အရမ်းအရေးကြီးပါတယ်” ဟုသူကဆိုသည်။

သို့သော် နောက်ပိုင်းသတင်းစာရှင်းလင်းပွဲတစ်ခုတွင် ၀န်ကြီးချုပ် Anthony Albanese က အိမ်မှအလုပ်လုပ်ခြင်းသည် ကုမ္ပဏီများနှင့် ၎င်းတို့၏ဝန်ထမ်းများကြားတွင် အခက်ခဲဖြစ်စေပြီး အချို့လူများအတွက်မူ မဖြစ်နိုင်ကြောင်းမှတ်ချက်ချခဲ့သည်။

“လုပ်ငန်း‌ တွေကပဲဆုံးဖြတ်ချက်ကိုချပါလိမ့်မယ်” ဟု Albaneseကို ကိုးကား၍ Sydney Morning Herald ကပြောသည်။ “သူတို့အနေနဲ့ ဘေးကင်းရေးကိုအခြေခံပြီး လုပ်ဆောင်ဖို့လိုတာမှန်ပါတယ်၊ဒါပေမယ့်တစ်ချို့လူတွေအတွက်က‌တော့ အိမ်ကနေ အလုပ်လုပ်လို့မရနိုင်ဘူး ဆိုတာလဲသတိပြု ဖို့လိုပါတယ်” ဟုဆိုခဲ့သည်။

ဩစတြေးလျ၌လူတိုင်းနီးပါးကာကွယ်ဆေးထိုးပြီးသည်နှင့် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းမှစကာ ကိုဗစ်စည်းမျဉ်းများကိုဖြေလျှော့ပေးခဲ့သည်။သို့သော် အိုမီခရွန်မျိုးကွဲများ၏ ကူးစက်နှုန်းမြင့်မားမှုက ဩစတေးလျ၏ “ဗိုင်းရပ်စ်နှင့်အတူနေထိုင်ခြင်း” ဟူသည့်မူကိုစမ်းသပ်လျက်ရှိသည်။

ရောဂါကူးစက်ခံရခြင်း သို့မဟုတ် ဖျားနာခြင်းကြောင့် သီးခြားခွဲ‌နေထိုင်ကာကုသမှုခံနေရသည့် သူနာပြုနှင့်ဆရာဝန်များ များပြားနေသည့်ကြားမှပင် လွန်ခဲ့သည့်ခုနစ်ရက်အတွင်း ရောဂါဖြစ်ပွားသူ ၃၀၀,၀၀၀ ကျော်ရှိနေသည်။

ဩစ‌‌တြေးလျသည် ကိုဗစ်ကြောင့်ကွာရန်တင်းဝင်နေရသည့် အခြေခံလုပ်သားများအတွက်ထောက်ပံ့ကြေးများ ပေးထားကာ အစိုးရကနှာခေါင်းစည်းမဖြစ်မနေ တပ်ရန်စည်းကမ်းထုတ်ထားသော်လည်း တပ်ဆင်ကြခြင်းမရှိကြပေ။

အသက် ၁၆ နှစ်အထက် သြစတြေးလျနေထိုင်သူ ၉၅ ရာခိုင်နှုန်းခန့်သည်ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားပြီး ၇၀ ရာခိုင်နှုန်းကျော်သည် ပြင်းထန်သောဖျားနာမှုမှကာကွယ်ပေးသည့် Booster shot ကိုထိုးနှံထားကြသည်။

Source – Aljerzeera/Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here