ကားဝယ်ယူရန်စာရင်းသွင်းထားသူများအား ကားအပ်နိုင်မည့်အချိန်ကာလကို ခန့်မှန်းပြောကြားနိုင်ခြင်းမရှိသေးဟု Suzuki Myanmar ထုတ်ပြန်

0
264

ကားဝယ်ယူရန်စာရင်းသွင်းထားသူများအား ကားအပ်နိုင်မည့်အချိန်ကာလကို ခန့်မှန်းပြောကြားနိုင်ခြင်းမရှိသေးဟု Suzuki Myanmar ထုတ်ပြန်

Suzuki Myanmar မှလက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများကြောင့် အရောင်းပြခန်းများတွင် ကားဝယ်ယူရန် စာရင်းသွင်းမှာယူထားသည့် ကားများကို လွှဲအပ်ရန်ကြန့်ကြာနေသည်ဟု ထုတ်ပြန်ခဲ့သည်။

ထို့ပြင် တပ်ဆင်ထုတ်လုပ်မည့် ကားအစိတ်အ ပိုင်းများအား ပြည်ပမှတင်သွင်းရာတွင် နှောင့်နှေးမှုများဖြစ်ပေါ်နေသဖြင့် Suzuki (Myanmar) Motor Co.,Ltd. နှင့် Suzuki Thilawa Motor Co.,Ltd. တို့၏ ထုတ်လုပ်မှုလုပ်ငန်းများအား ခေတ္တရပ်ဆိုင်းထားသည်ဟု အသိပေးထုတ်ပြန်ထားသည်။

ထို့ကြောင့် ကားဝယ်ယူရန် အရောင်းပြခန်းများ၌ စာရင်းသွင်းထားသူများထံသို့ ကားအပ်နိုင်မည့် အချိန်ကာလကို ခန့်မှန်းပြောကြားနိုင်ခြင်းမရှိ၍ Suzuki မှ အနူးအညွှတ်တောင်းပန်အပ်သည်ဟု ထုတ်ပြန်ချက်၌ ရေးသားထားသည်။

သို့ရာတွင် ကားဝယ်ယူထားပြီးသူများ၏ ကားများအတွက် Warranty နှင့် Service ပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ Suzuki မှယခင်အတိုင်း အပြည့်အဝတာဝန်ယူဆောင်ရွက်သွားမည်ဟု သိရသည်။

အလားတူ အရည်အသွေးကောင်းမွန်သည့် မော် တော်ကားများအား ဝယ်ယူသူများထံသို့ အရောက်ပို့ပေးနိုင်ရန်နှင့်ပိုမိုကောင်းမွန်သည့် After Sales Services များပေးနိုင်ရန် Suzuki နှင့် Suzuki ၏အရောင်းပြခန်းများမှကြိုးစားလျက်ရှိသည်ဟု ထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here