မူဆယ်မြို့သို့သယ်လာသည့် ငွေကျပ်သိန်း ၆၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများအား သိန္နီမြို့နယ်၌ ဖမ်းမိ

0
117

မူဆယ်မြို့သို့သယ်လာသည့် ငွေကျပ်သိန်း ၆၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများအား သိန္နီမြို့နယ်၌ ဖမ်းမိ

ရှမ်းပြည်(မြောက်ပိုင်း)၊သိန္နီမြို့နယ်၊ရေပူအမြဲ တမ်းစစ်ဆေးရေးစခန်း၌ ဇူလိုင် ၁၇ ရက်နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်

ယင်းနေ့နံနက် ၈ နာရီက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတွင် လားရှိုးဘက်မှမူဆယ်ဘက်သို့ ဟောင်းလွမ်း မောင်းကာ ဇော်ဂရောင် လိုက်လာသည့် Crown ကားအား သတင်းအရရှာဖွေခဲ့ကြသည်။

ထိုသို့ ရှာဖွေရာကားပေါ်မှ ငွေကျပ်သိန်း ၆၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၁၁၆ တုံး (အလေးချိန် ၄၀ ဒသမ ၆ ကီလို)အား ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

ထို့ကြောင့် စစ်ဆေးချက်အရ ဘိန်းဖြူဘလောက်တုံးများအား သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ ရန်ကျုံးပြုံး(ခ)အောင်ကျော်မိုးအား ညနေ ၄ နာရီတွင် မူဆယ်မြို့၊ကောင်းမှုတုံရပ်ကွက်၊မြို့ရှောင်လမ်းထပ်မံဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဘိန်းဖြူဘလောက်တုံးများအား ရှမ်းပြည်(တောင်ပိုင်း)၊ကျေးသီးမြို့နယ်မှ ရှမ်းပြည် (မြောက်ပိုင်း)၊မူဆယ်မြို့နယ်သို့ သယ်ဆောင်လာခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား မူးယစ်ဆေး ဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင် ရာဥပဒေအရ အရေးယူကာ ဆက်စပ်ပြစ်မှုကျူး လွန်သူများအား ဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here