ညောင်ရွှေမြို့တွင် ဆိုင်ကယ်စီးလာသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

0
787

ညောင်ရွှေမြို့တွင် ဆိုင်ကယ်စီးလာသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

ရှမ်းပြည်နယ်၊ညောင်ရွှေမြို့၊မင်္ဂလာရပ်ကွက်၏ ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးသော်တာသည် ဇူလိုင် ၂၁ ရက်(ယနေ့)နံနက်ပိုင်းက ဆိုင်ကယ်စီးလာစဥ် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးသော်တာသည် နေ အိမ်မှဆိုင်ကယ်ဖြင့်ထွက်လာစဥ် နန္ဒဝန်ရပ်ကွက် ၏ ဘုရားတစ်ဆူအနီးအရောက် အမည်မသိအ မျိုးသား ၂ ဦးမှဆိုင်ကယ်ဖြင့် လိုက်ပါမောင်းနှင်လာပြီးနောက် သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးသော်တာမှာ ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေ ဆုံးသွားခဲ့သဖြင့် လူနာတင်ကားဖြင့်တင်ဆောင်သွားခဲ့ကြောင်း သိရသည်။

“ဦးသော်တာကို သေနတ်နဲ့ပစ်သွားတဲ့လူတွေထွက်သွားတဲ့ဘက်ကနေရာတွေကို စစ်သားတွေ ရဲတွေလိုက်သွားတာတွေ့တယ် စစ်ဆေးတာတွေလည်း နေရာအတော်များများမှာလုပ်နေကြတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here