ကမ္ဘာ့အသက်အကြီးဆုံးဝက်ဝံ”အန်အန်” သေဆုံး

0
255

ကမ္ဘာ့အသက်အကြီးဆုံးဝက်ဝံ”အန်အန်” သေဆုံး

ဟောင်ကောင်၊ဇူလိုင် ၂၁

ဟောင်ကောင်မှကမ္ဘာ့အသက်အကြီးဆုံး ပန်ဒါဝက်ဝံ “အန်အန်” သည် ယနေ့ဇူလိုင် ၂၁ ရက်တွင်သေဆုံးသွားခဲ့ပြီဖြစ်သည်။၎င်းသည် အသက် ၃၅ နှစ်တွင်သေဆုံးသွားခြင်းဟုဟောင်ကောင်အပန်းဖြေဥယျာဉ်မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

အန်အန် ၏ ကျန်းမာရေးသည် လွန်ခဲ့သည့် ရက်သတ္တပတ် အနည်းငယ်အတွင်း သက်သာသယောင်ရှိခဲ့သော်လည်း အစားနည်းနည်းသာစားပြီး နောက်ဆုံးတွင် လုံးဝမစားတော့‌ကြောင်း Ocean Park မှ ပြောကြားခဲ့သည်။၎င်းသည် ၁၉၉၉ ခုနှစ်ကတည်းက ပင်လယ်နှင့်တိရစ္ဆာန် ထိန်းသိမ်းရေး စခန်းဖြစ်သော Ocean Park တွင်ရောက်ရှိနေထိုင်ခဲ့ခြင်းဖြစ်သည်။

“အန်အန်” နှင့် “ရှာရှာ” တို့သည် တရုတ်အစိုးရထံမှ ရရှိသောလက်ဆောင်များဖြစ်ပြီး ရှာရှာသည် ၂၀၁၆ ခုနှစ်ကတည်းကအသက် ၃၈ နှစ်အရွယ်တွင် သေဆုံးသွားသော ကမ္ဘာ့အသက်အကြီးဆုံး ပန်ဒါဝက်ဝံမကြီးဖြစ်သည်။

“Ocean Park သည် အန်အန် ကိုဆုံးရှုံးရကြောင်း ကြေညာရသည့်အတွက် အလွန်ဝမ်းနည်းမိသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားကာ Ocean Park အား ပန်ဒါထိန်းသိမ်းရေးအတွက် အရေးပါသော အခြေစိုက်စခန်းဖြစ်လာစေရန် ကူညီပေးခဲ့ပြီး “ရှာရှာ” နှင့် “အန်အန်” ကို ပြုစုစောင့်ရှောက်ခွင့်ရသည့်အတွက်လည်း ကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။

အန်အန် သည် Ocean Park မိသားစု၏ မရှိမဖြစ်သော အဖွဲ့ဝင်တစ်ဦးဖြစ်လာကာ ဒေသခံများနှင့်သာမကခရီးသွားများနှင့်ပါ ခိုင်မာသောချစ်ကြည်ရင်းနှီးမှုကိုတည်ဆောက်ခဲ့သည်။ Ocean Park တွင်ယခုအခါ “ယင်ယင်” နှင့် “လီလီ” ဟုခေါ်သည့် ပန်ဒါနှစ်ကောင်ရှိပြီး ပင်ဂွင်း၊လင်းပိုင်နှင့်ဖျံများလည်း ပြသထားသည်ဟုသိရသည်။

တရုတ်နိုင်ငံမှ ပန်ဒါမလေး “ယင်ယင်” နှင့် အထီးလေး “လီလီ” တို့ကို ဟောင်ကောင်သို့ ၂၀၀၇ ခုနှစ်တွင်ပေးခဲ့ခြင်းဖြစ်သည်။၎င်းတို့နှစ်ဦးမှ ကလေးမွေးရန် မျှော်လင့်ထားသော်လည်း ယခုအချိန်အထိသားမပေါက်သေးပေ။

Source – Reuters/ zl


LEAVE A REPLY

Please enter your comment!
Please enter your name here