ကျိုင်းတုံမြို့၌ တရားမဝင်ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားတစ်ဦးနှင့်ပို့ဆောင်ပေးသူ မြန် မာနိုင်ငံသားတစ်ဦးအား ဖမ်းမိ

0
220

ကျိုင်းတုံမြို့၌ တရားမဝင်ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားတစ်ဦးနှင့်ပို့ဆောင်ပေးသူ မြန် မာနိုင်ငံသားတစ်ဦးအား ဖမ်းမိ

ရှမ်းပြည်နယ်၊ကျိုင်းတုံမြို့ရှိ နောင်နွန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဇူလိုင် ၂၀ ရက်နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနေ့နံနက် ၈ နာရီကျော်ခန့်က နောင်နွန်းပူး ပေါင်းစစ်ဆေးရေးဂိတ်တွင် တာဝန်ရှိသူများက ဖြတ်သန်းမောင်းနှင်လာသည့် ကိုယ်ပိုင်ကားအားတားဆီးစစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာကားပေါ်မှ တရားမဝင်ဝင်ရောက်လာသည့် အသက်(၄၂)နှစ်ခန့်ရှိ တရုတ်နိုင်ငံ၊ဟူဘိန်းပြည်နယ်နေသည့် တရုတ်နိုင်ငံသားတစ်ဦးအား ၎င်းအားခေါ်ဆောင်လာသည့် ကားမောင်းသူ မြန်မာနိုင်ငံသားတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် စစ်ဆေးရေးဂိတ်တာဝန်ရှိသူများမှစစ်ဆေးရာ တရုတ်နိုင်ငံသားသည် မိုင်းလားမြို့၌ ၂ နှစ်ခန့် အလုပ်လုပ်ကိုင်ပြီးနောက် ကျိုင်းတုံ- တာချီလိတ်လမ်းကြောင်းမှတဆင့် ထိုင်းနိုင်ငံအားဖြတ်၍ မြဝတီမြို့သို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ထွက်ခွာလာခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ထို့ကြောင့် တရားမဝင်ဝင်ရောက်လာသည့် တ ရုတ်နိုင်ငံသားနှင့်ခေါ်ဆောင်လာသည့် မြန်မာနိုင်ငံသားတို့အား ဥပဒေအရအရေးယူရန် သက်ဆိုင်ရာရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here