လာမည့်အပတ်အတွင်း တရုတ် သမ္မတရှီနှင့်အင်ဒိုသမ္မတ ဂျိုကိုဝီဒိုဒိုတွေ့ဆုံမည်
ပေကျင်း၊ ဇူလိုင် ၂၁
အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုသည် ဇူလိုင်လ ၂၅မှ ၂၆ ရက်အထိ တရုတ်နိုင်ငံသို့ အလည်အပတ် သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်း က ဇူလိုင်လ ၂၁ ရက်နေ့ ကြာဿပတေးနေ့တွင် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံတွင် ဖေဖော်ဝါရီလ၌ ကျင်းပမည့် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲသို့ လာရောက်ရန် နိုင်ငံ့ခေါင်းဆောင်များကို တစ်စုတစ်စည်းတည်း ဖိတ်ကြားခဲ့ခြင်းမှလွဲ၍ ဝီဒိုဒိုသည် ပေကျင်းမှ ၂ နှစ်အတွင်း တစ်ဦးချင်းလက်ခံတွေ့ဆုံရန် ဖိတ်ကြားခံရသည့် ပထမဆုံး နိုင်ငံခြားခေါင်းဆောင်ဖြစ်လာသည်။
ဝီဒိုဒိုသည် တရုတ်သမ္မတ ရှီကျင့်ဖျင်ထံမှ ဖိတ်ကြားချက်ကို လက်ခံရရှိခဲ့ကြောင်း ဝမ်က ပုံမှန်မီဒီယာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဝမ်က ဝီဒိုဒိုသည် အမြင်ချင်းဖလှယ်ရန်အတွက် သမ္မတ ရှီနှင့် ဝန်ကြီးချုပ် လီခဲရှန် တို့နှင့် တွေ့ဆုံသွားမည်ဟု ဆိုသည်။
အင်ဒိုနီးရှားနိုင်ငံသည် လက်ရှိတွင် G20 ဥက္ကဌရာထူးကို တာဝန်ယူထားပြီး ယခုနှစ် G20 ထိပ်သီးခေါင်းဆောင်များ၏ အစည်းအဝေးကို နိုဝင်ဘာလ ၁၅ရက်မှ ၁၆ ရက်အထိ ဘာလီတွင် လက်ခံကျင်းပမည်ဖြစ်သည်။
ဆောင်းရာသီ အိုလံပစ်ပွဲ မှလွဲ၍ ပေကျင်းသည် ကိုဗစ်-၁၉ ကပ်ရောဂါ ပျံ့ပွားပြီးနောက် ၂၀၂၀ ပြည့်နှစ်၌ တင်းကျပ်သော နယ်စပ်ရေးရာ စီမံချက်များချမှတ်ကာ မည်သည့် နိုင်ငံခြားခေါင်းဆောင်တစ်ဦးကိုမျှ လက်ခံဖိတ်ကြားခဲ့ခြင်းမရှိခဲ့ပေ။
Source: Reuters