ICJ ၌မြန်မာနိုင်ငံမှတင်သွင်းခဲ့သည့်ကနဦးကန့်ကွက်လွှာအပေါ်တရားရုံးအမိန့်ဖတ်ကြားပွဲတက်ရောက်ရန် နယ်သာလန်နိုင်ငံသို့ အပြည်ပြည်ဆိုင်ရာပူး ပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့်အဖွဲ့ရောက်ရှိနေ

0
146

ICJ ၌မြန်မာနိုင်ငံမှတင်သွင်းခဲ့သည့်ကနဦးကန့်ကွက်လွှာအပေါ်တရားရုံးအမိန့်ဖတ်ကြားပွဲတက်ရောက်ရန် နယ်သာလန်နိုင်ငံသို့ အပြည်ပြည်ဆိုင်ရာပူး ပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့်အဖွဲ့ရောက်ရှိနေ

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ မြန်မာနိုင်ငံမှ တင်သွင်းခဲ့သည့် ကနဦးကန့်ကွက်လွှာ (Preliminary Objections)အပေါ် တရားရုံးအမိန့် ဖတ်ကြားပွဲအား နယ်သာလန်နိုင်ငံ၊သည်ဟိဂ်မြို့၌ ဇူလိုင် ၂၂ ရက်တွင်ပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါ တရားရုံးအမိန့်ဖတ်ကြားပွဲသို့တက်ရောက်ရန် ကိုယ်စားလှယ်(Agent)ဖြစ်သည့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်နှင့် အလှည့်ကျကိုယ်စားလှယ်(Alternate Agent) ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၂၁ ရက်နံနက်ပိုင်းက နယ်သာလန်နိုင်ငံ၊သည်ဟိဂ်မြို့သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့အား မြန်မာသံရုံး၊ဘရပ်ဆဲလ်မြို့မှ သံအမတ်ကြီးဦးစိုးလင်းဟန်နှင့်သံရုံးဝန်ထမ်းများက အမ်စတာဒမ်လေဆိပ်၌ ကြိုဆိုခဲ့ကြသည်။

ဂမ်ဘီယာနိုင်ငံမှ မြန်မာနိုင်ငံအား အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့်ပြစ်ဒဏ်ပေးရန် နိုင်ငံတ ကာသဘောတူစာချုပ်(Convention on the Prevention and Punishment of the Crime of Genocide)အား ကျူးလွန်ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here