နိုင်ငံတော် အာဏာကို သိမ်းယူခဲ့ခြင်း မဟုတ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထပ်မံပြောကြား

0
143

နိုင်ငံတော် အာဏာကို သိမ်းယူခဲ့ခြင်း မဟုတ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထပ်မံပြောကြား

နိုင်ငံတော် အာဏာကို သိမ်းယူခဲ့ခြင်း မဟုတ်ဘဲ အခြေခံဥပဒေနှင့်အညီ အရေးပေါ်အခြေအနေ ကြေညာ၍ တာ ဝန်ယူဆောင်ရွက်ခဲ့ခြင်းသာဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထပ်မံပြောကြားလိုက်သည်။

ဇူလိုင်လ(၂၁)ရက် နံနက်ပိုင်းက နေပြည်တော်တွင် ကျင်း ပသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအ ဝေး (၆/၂၀၂၂) တွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ် သည်။

” နိုင်ငံတော်တာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အ ညီ နိုင်ငံရေးအရ အရေးပေါ်အခြေအနေ ကြေညာ၍ တာ ဝန်ယူ ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ပြီး နိုင်ငံတော်အာ ဏာကို သိမ်းယူခဲ့ခြင်း မဟုတ်ပါဘူး။ မိမိတို့အား ပေးအပ် ထားသည့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး ကိစ္စရပ်များကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ တည်ဆဲဥပဒေများအပေါ်တွင် မူတည်၍ ဆောင်ရွက်နေခြင်းဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြော သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်တွင် ယင်းအချိန်က နိုင်ငံတော် ဒုတိယ သမ္မတ(၁) ဦးမြင့်ဆွေက ယာယီသမ္မတအဖြစ် တာဝန်ယူ လက်မှတ်ရေးထိုးကာ နိုင် ငံတော်အား အရေးပေါ်အခြေနေ (၁) နှစ် ကြေညာခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်‌မတော်သို အာဏာလွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။

၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုများရှိသည်ဆိုသည့် အကြောင်းပြချက်ဖြင့် ရွေးကောက်ပွဲ ရလဒ်ကို ဖျ က်သိမ်းခဲ့ပြီး အဆိုပါ အချိန်က နိုင်ငံတော်၏ တရားဝင် သမ္မတဖြစ်သူ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရအဖွဲ့ဝင်ဝန်ကြီး များကို ဖမ်းဆီးထိန်းသိမ်းကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို ဖွဲ့စည်း၍ ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က တာဝန်ယူခဲ့သည့်အပြင် နိုင်ငံတော်ဝန်ကြီး ချုပ် တာဝန်ကိုလည်း ရယူခဲ့ခြင်း ဖြစ်သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဌာန်းချက်များအရ နိုင်ငံတော်အရေးပေါ် အခြေအနေကို (၆) လ နှစ်ကြိမ် သက်တိုးခွင့်ရှိပြီး ရွေးကောက်ပွဲကျင်းပကာ အစိုးရသစ်အဖွဲ့ ဖွဲ့စည်းကာ အာဏာ ပြန်လည် အပ်နှင်းပေးရမည် ဖြစ်သည်။

လက်ရှိတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် နစက အနေဖြင့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ကို လာမည့် ၂၀၂၃ ခုနှစ်တွင် ကျင်းပရန် ဆောင်ရွက်မှုများ လုပ်ဆောင်နေပြီး ပြည်သူလူထုနှင့် နိုင်ငံတကာ အ သိုင်းအဝိုင်းက အဆိုပါ ရွေးကောက်ပွဲအပေါ် အယုံအ ကြည် ကင်းမဲ့ကြောင်း ထုတ်ဖော်ပြောဆိုမှုများရှိသလို လာမည့်ရွေးကောက်ပွဲသည် လက်ရှိ မြန်မာ့အကျပ်အ တည်း၏ တစ်ခုတည်းသော ထွက်ပေါက်ဖြစ်ကြောင်း နိုင် ငံရေးပါတီ ခေါင်းဆောင်အချို့၏ သုံးသပ်မှုများလည်း ရှိသည်။

ဖွဲ့စည်းပုံပါ ပြဌာန်းချက်အရ နိုင်ငံတော် အရေးပေါ်ကာလ ပထမ (၆) လ သက်တမ်းတိုးကာလသည် လာမည့် ဩ ဂုတ်လ (၁) ရက်တွင် ပြည့်မည်ဖြစ်ပြီး ဒုတိယအကြိမ် (၆) လ သက်တမ်းတိုးကြောင်းကို ကာလုံအစည်းဝေးခေါ် ၍ ထပ်မံကြေညာရမည် ဖြစ်သည်။

အကယ်၍ ဒုတိယအကြိမ် အရေးပေါ် ကာလ သက် တမ်းတိုးကြောင်း ကြေညာပါက လာမည့် ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်း ချက်အရ သတ်မှတ် အရေးပေါ်ကာလ (၂) နှစ်ပြည့်မည် ဖြစ်သည့်အတွက် (၆)အတွင်း ရွေးကောက်ပွဲမဖြစ်မနေကျင်းပကာ တိုင်းပြည်အာဏာအား အစိုးရသစ်အဖွဲ့သို့ လွှဲပြောင်း ပေးရမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here