ပုသိမ်ကြီးမြို့နယ်ရှိ ဦးလှထွန်းကင်ဆာဖောင်ဒေးရှင်းရုံးအနီးတွင် မိနစ်ပိုင်းသာခြား၍ ဗုံး ၂ လုံး ပေါက်ကွဲ သံဃာတစ်ပါးအပါအဝင် ၃ ဦးဒဏ်ရာရ

0
329

ပုသိမ်ကြီးမြို့နယ်ရှိ ဦးလှထွန်းကင်ဆာဖောင်ဒေးရှင်းရုံးအနီးတွင် မိနစ်ပိုင်းသာခြား၍ ဗုံး ၂ လုံး ပေါက်ကွဲ သံဃာတစ်ပါးအပါအဝင် ၃ ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ပုသိမ်ကြီးမြို့နယ်၊ဦးလှထွန်းကင် ဆာဖောင်ဒေးရှင်းရုံးအနီးတွင် ဇူလိုင် ၂၂ ရက် (ယနေ့)နံနက် ၉ နာရီကျော်ခန့်က မိနစ်ပိုင်းသာခြား၍ ဗုံး ၂ လုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။

မန္တလေး EPC ရုံး၏ မီတာလိုက်စစ်နေသည့် လျှပ်စစ်ဝန်ထမ်းများလိုက်ပါလာသည့်ကားအား အ မည်မသိအမျိုးသားများက လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ထိုသို့ ပေါက်ကွဲမှုဖြစ်ပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များမှစစ်ဆေးမှုများပြုလုပ်စဥ် ဒုတိယအကြိမ် ဗုံးပေါက်ကွဲမှုထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပထမအကြိမ် ဗုံးပေါက်ကွဲမှု၌ လျှပ်စစ်ဝန်ထမ်းစာရေးတစ်ဦး၏ အမျိုးသားအင်္ဂါထိခိုက်ခဲ့ပြီး အ ခင်းဖြစ်စဥ်အနီးဖြတ်သန်းသွားသွားသည့် သံဃာ တော်တစ်ပါးမှာလည်း ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ကာ ဒုတိယအကြိမ်ပေါက်ကွဲမှု၌ လုံခြုံရေးအဖွဲ့ဝင်တစ်ဦး၏ လက်၌ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်၌ ထိခိုက်ဒဏ်ရာရရှိသူများအား လူနာ တင်ကားဖြင့် နန်းတွင်းဆေးရုံသို့ ဆေးကုသမှုခံယူရန်ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

အလားတူ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက မန္တလေး-ပုသိမ်ကြီးလမ်းအား ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

Photo-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here