မိုင်းဖုန်းဆရာတော်ကို ပင့်ဆောင်မည့် ဝေါယာဉ်တော် မိုင်းကျက်ဂူသို့ ရောက်ရှိ၊ ဂူထွက်တရားပွဲတော် ငါးရက်ကြာပြုလုပ်မည်

0
316

မိုင်းဖုန်းဆရာတော်ကို ပင့်ဆောင်မည့် ဝေါယာဉ်တော် မိုင်းကျက်ဂူသို့ ရောက်ရှိ၊ ဂူထွက်တရားပွဲတော် ငါးရက်ကြာပြုလုပ်မည်

မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယကို ပင့်ဆောင်မည့် ဝေါယာဉ်တော်မှာ ဆရာတော်တရားကျင့်ကြံသည့် မိုင်းကျက်ဂူသို့ ပြီးခဲ့သော ဇူလိုင် ၁၉ ရက်တွင် ရောက်ရှိပြီ ဖြစ်ကြောင်းနှင့် ဂူထွက်တရားပွဲကို ငါးရက်ကြာပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းဖုန်းဆရာတော်သည် ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်ရှိ မိုင်းကျက်ဂူအတွင်း သုံးနှစ် သုံးလ သုံးရက်တိတိ တရားကျင့်ကြံအားထုတ်နေရာမှ ယခု ဇူလိုင် ၃၁ ရက်တွင် အဓိဋ္ဌာန်ပြည့်ဂူ ထွက်တော်မူမည်ဖြစ်သည်။

ဆရာတော် ဂူအတွင်းမှ ထွက်လာသည့် အချိန်တွင် ဂူအောက်ဘက်တွင် ငါးရက်ကြာဗုဒ္ဓတရား တော်များကို ဟောကြားသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ထို့ကြောင့် ဆရာတော်၏ ဂူထွက်တရားကို အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ လာရောက်ကြမည်ဖြစ်သဖြင့် တရားပွဲတော်ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်းခဲ့ပြီး၊ ကျန်းမာရေးနှင့်အညီ အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းဖုန်းဆရာတော်အား ပင့်ဆောင်မည့် ဝေါယာဉ်တော်ကို ဇူလိုင် ၁၈ ရက် တွင် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက် ၊ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်မှမော်တော်ယာဉ်များဖြင့် ကျိုင်းတုံ၊ မိုင်းပျင်း ပြည်ထောင်စုလမ်းမကြီးမှတဆင့် မိုင်းကျက်ဂူသို့ ထွက်ခွာခဲ့ကာ ဇူလိုင် ၁၉ ရက်တွက် မိုင်းကျက်ဂူသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ San Thein

LEAVE A REPLY

Please enter your comment!
Please enter your name here