မြန်မာ MoU အလုပ်သမား ၉၁ ဦး ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် ထိုင်းနိုင်ငံသို့ထပ်မံထွက်ခွာ

0
154

မြန်မာ MoU အလုပ်သမား ၉၁ ဦး ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် ထိုင်းနိုင်ငံသို့ထပ်မံထွက်ခွာ

ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် မြန်မာ MoU အ လုပ်သမား ၉၁ ဦးသည် ဇူလိုင် ၂၁ ရက်မွန်းလွဲပိုင်းတွင် ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် ထွက်ခွာသွားခဲ့ကြကြောင်း သိရသည်။

မြန်မာ MoU အလုပ်သမား အမျိုးသား ၆၉ ဦးနှင့်အမျိုးသမီး ၂၂ ဦး(စုစုပေါင်း ၉၁ ဦး)တို့သည် ရန်ကုန်မြို့မှတဆင့် ကော့သောင်းမြို့သို့ လေကြောင်း ခရီးဖြင့်ရောက်ရှိလာခဲ့ကြခြင်းဖြစ်ပြီး ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် ထိုင်းနိုင်ငံသို့စက်လှေဖြင့် ဆက်လက်ထွက်ခွာသွားခဲ့ကြသည်။

အဆိုပါ မြန်မာ MoU အလုပ်သမားများအား ပြည်ပအလုပ်အကိုင်အကျိုးဆောင်(ထိုင်း)လိုင်စင်ရ အေဂျင်စီဖြစ်သည့် Yellow Dawn Services Co,Ltd မှ ထိုင်းနိုင်ငံရှိ Tat Win Co,Ltd နှင့် Dipped Products(Thailand) Co,Ltd တို့သို့ ၂ နှစ်စာချုပ်ဖြင့် အလုပ်လုပ်ကိုင်ရန် တာဝန်ယူစေ လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

ကော့သောင်းခရိုင်အလုပ်သမားညွှန်ကြားမှုဦးစီး ဌာန၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန် ကြီးဌာန ကော့သောင်းခရိုင်ရုံးနှင့်တာဝန်ရှိသူများက လိုအပ်သည့်စစ်ဆေးမှုများပြုလုပ်ပြီး ကုမ္ပဏီတာဝန်ရှိသူများမှ ၎င်းတို့အလုပ်လုပ်ကိုင်မည့် ကုမ္မဏီသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံ၊အလုပ်သမားဝန်ကြီးဌာန၊အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် မြန်မာအလုပ်သမားများစေလွှတ်ရေး လုပ်ငန်းစဉ်အရ စေလွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here