မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ဖုန်းဆိုင်တစ်ဆိုင်တွင် ကျပ်သိန်း ၆၀၀ ကျော်တန်ဖိုးရှိဖုန်း ၈၈ လုံးနှင့် ငွေသားသိန်း၂၀ ကျော်ဖောက်ထွင်းခိုးယူခံရ

0
227

မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ဖုန်းဆိုင်တစ်ဆိုင်တွင် ကျပ်သိန်း ၆၀၀ ကျော်တန်ဖိုးရှိဖုန်း ၈၈ လုံးနှင့် ငွေသားသိန်း၂၀ ကျော်ဖောက်ထွင်းခိုးယူခံရ

ရန်ကုန်တိုင်း၊မင်္ဂလာတောင်ညွှန့်မြို့နယ်၊သိမ်ဖြူလမ်း၌ဖွင့်လှစ်ထားသည့် “Zaw Zaw Mobile”ဖုန်းအရောင်းဆိုင်မှ ငွေသားများနှင့်ဖုန်းများ ဇူလိုင် ၂၂ ရက်(ယနေ့)နံနက်အစောပိုင်းက ဖောက်ထွင်းခိုးယူခံခဲ့ရကြောင်း သိရသည်။

ဖုန်းအရောင်းဆိုင်အတွင်းသို့ အမျိုးသား ၂ ဦးမှ ဖောက်ထွင်းဝင်ရောက်ခဲ့ကာ ဆိုင်အတွင်းရှိ ငွေကျပ်သိန်း ၆၀၀ ကျော်တန်ဖိုးရှိ ဖုန်းအလုံးရေ ၈၈ လုံးနှင့်ငွေကျပ်သိန်း ၂၀ ကျော်အားယူဆောင် သွားခဲ့ကြကြောင်း သိရသည်။

“လက်ရှိအချိန်ထိတော့ ဖောက်ထွင်းသွားတဲ့ ၂ ယောက်ကိုစုံစမ်းလို့မရသေးဘူး ရဲတပ်ဖွဲ့ကိုအကြောင်းကြားဖို့လုပ်နေပါတယ်”ဟု Zaw Zaw Mobile မှတာဝန်ရှိသူတစ်ဦးကပြောသည်။

ဖောက်ထွင်းခိုးယူခံခဲ့ရသည့် ဖုန်းများမှာတန်ဖိုးကြီးဖုန်းများဖြစ်ပြီး ငွေကျပ်သိန်း ၆၀၀ ကျော်တန်ဖိုးရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here