ကော့ကရိတ်မြို့နယ်ရှိ ကော့ကရိတ်-ကျုံဒိုးလမ်းတွင် Hijet ကားနှင့်ဆိုင်ကယ်တိုက် အမျိုးသမီး ၃ ဦးဒဏ်ရာရ

0
236

ကော့ကရိတ်မြို့နယ်ရှိ ကော့ကရိတ်-ကျုံဒိုးလမ်းတွင် Hijet ကားနှင့်ဆိုင်ကယ်တိုက် အမျိုးသမီး ၃ ဦးဒဏ်ရာရ

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့၊ကော့ကရိတ်-ကျုံဒိုးလမ်းတွင် ဇူလိုင် ၂၂ ရက်(ယနေ့)မွန်းလွဲပိုင်းက Hijet ကားနှင့်ဆိုင်ကယ်တိုက်မိခဲ့ကြောင်း ပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

ယနေ့မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က ကော့ကရိတ်-ကျုံဒိုးလမ်း၏ တံတားကျိုးအကျော်(ဒေသအခေါ် S ကွေ့)တွင် Hijet ကားနှင့်အမျိုးသမီး ၃ ဦးစီးလာသည့် ဆိုင်ကယ်တို့အရှိန်မထိန်းနိုင်ဘဲ တိုက်မိခဲ့ခြင်းဖြစ်သည်။

“အဲဒီကွေ့က ခနခနဖြစ်တယ် သတိထားပြီးကွေ့ရတာ အခုလည်း ကားကအကွေ့မှာအရှိန်မထိန်းနိုင်ဘဲတိုက်မိသွားတာ”ဟု ပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဖြစ်စဥ်ကြောင့် Hijet ကားမှာလမ်းဘေးသို့ထိုးကျတိမ်းမှောက်သွားခဲ့ပြီး ဆိုင်ကယ်စီးလာသည့် ကော့ကရိတ်မြို့၊အမှတ်(၇)ရပ်ကွက်နေသည့် အမျိုးသမီး ၃ ဦးတွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ကော့ကရိတ်မြို့ပြည်သူ့ဆေးရုံသို့ ပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့၏ လူနာတင် ကားဖြင့် ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

“ကားပေါ်ကလူကတော့ထိခိုက်ဒဏ်ရာရတာမရှိခဲ့ပါဘူး ဆိုင်ကယ်ပေါ်ကအမျိုးသမီးတွေကိုတော့ လိုအပ်တဲ့ကုသမှုတွေလုပ်ပေးပြီး ဆေးရုံပို့ပေးခဲ့ပါတယ်”ဟု ပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့၏ တာဝန်ရှိသူကပြောသည်။

Photo-ပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here