စက်သုံးဆီစျေးနှုန်းများကျဆင်း ယနေ့ 92 တစ် လီတာလျင် ၁၇၀၀အောက်သို့ရောက်ရှိ

0
118

စက်သုံးဆီစျေးနှုန်းများကျဆင်း ယနေ့ 92 တစ် လီတာလျင် ၁၇၀၀အောက်သို့ရောက်ရှိ

 

စက်သုံးဆီစျေးနှုန်းများ ဇူလိုင် ၂၃ ရက်(ယနေ့)တွင် ကျဆင်းခဲ့သည်ကို စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော် မတီမှထုတ်ပြန်သည့် ရည်ညွှန်းလက်လီစျေးနှုန်းအရ သိရသည်။

ထိုသို့ ကျဆင်းလာသဖြင့် ရန်ကုန်တိုင်းအတွင်း 92 တစ်လီတာလျင်ငွေကျပ် ၁၆၆၅ အထိဖြစ်လာခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်း၊နေပြည်တော်၊မကွေး၊ထားဝယ်၊မုံရွာ၊မြစ်ကြီးနား၊ဘားအံ၊မော်လမြိုင်၊လားရှိုး၊တောင်ကြီးနှင့်လွိုင်ကော်တို့တွင် စက်သုံးဆီစျေးနှုန်းမှာ 92 Ron တစ်လီတာလျင် ငွေကျပ် ၁၇၀၀ အထက်၌ရှိသည်။

ထို့ပြင် စစ်တွေတွင် 92 Ron တစ်လီတာလျင် ငွေကျပ် ၁၈၀၀ ကျော်၊ဟားခါးတွင် ၁၉၀၀ ကျပ်ကျော်နှင့်ကျိုင်းတုံတွင် ၂၅၀၀ ကျပ်ကျော်ဖြစ်ကြောင်း သိရသည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ် ငန်းကြီးကြပ်ရေးကော်မတီ၏ ယနေ့ ထုတ်ပြန်ခဲ့သည့် စက်သုံးဆီရည်ညွှန်းစျေးနှုန်းများအရ ရန် ကုန်တိုင်းအတွင်း၌ လက်လီစျေးအဖြစ် 92 Ron တစ်လီတာလျင် ၁၆၅၆ ကျပ်၊ 95 Ron တစ်လီတာလျင် ၁၇၁၅ ကျပ်၊ HSD (500 ppm) တစ်လီတာလျင် ၂၀၅၀ ကျပ် သတ်မှတ်ခဲ့သည်။

အလားတူ HSD (50 ppm)နှင့် HSD (10 ppm)တို့မှာမူ ယခင်စျေးနှုန်းအတိုင်း တစ်လီတာလျင် ၂၁၁၀ ကျပ်အဖြစ် စက်သုံးဆီရည်ညွှန်းလက်လီစျေးနှုန်းများအဖြစ် သတ်မှတ်ခဲ့သည်။

အဆိုပါ စျေးနှုန်းများအား စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ MOPS စျေးနှုန်းအပေါ်တွင် အခြေခံတွက်ချက်ထားခြင်းဖြစ်ကာ စက်သုံးဆီဝယ်ယူသူများအနေဖြင့် ကျေနပ်မှုမရှိပါက ကော်မတီသို့ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။

ထို့ပြင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ စက်သုံးဆီရည်ညွန်းလက်ကားစျေးနှုန်းမှာလည်း ရန်ကုန်တိုင်း ၌ 92 Ron တစ်လီတာလျင် ၁၅၇၅ ကျပ်၊ 95 Ron တစ်လီတာလျင် ၁၆၂၅ ကျပ်၊ HSD(500 ppm) တစ်လီတာလျင် ၁၉၅၂ ကျပ်၊ HSD (50 ppm)နှင့် HSD(10 ppm)တို့မှာ တစ်လီတာလျင် ၂၀၀၇ ကျပ်တို့ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here