နိုင်ငံခြားငွေများသိမ်းယူနေခြင်းနှင့် FEC စနစ်ပြန်လည်အကောင်အထည်ဖော်မည်ဆိုသည့် သတင်းများမှာ မဟုတ်မှန်ဟု ဗဟိုဘဏ်ထုတ်ပြန်

0
226

နိုင်ငံခြားငွေများသိမ်းယူနေခြင်းနှင့် FEC စနစ်ပြန်လည်အကောင်အထည်ဖော်မည်ဆိုသည့် သတင်းများမှာ မဟုတ်မှန်ဟု ဗဟိုဘဏ်ထုတ်ပြန်

 

ပြင်ပ၌ထွက်ပေါ်နေသည့် သတင်းမှားများနှင့်ပတ်သက်၍ ဗဟိုဘဏ်မှ ပြန်လည်ရှင်းလင်းအသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံခြားသုံးငွေကိုစီမံခန့်ခွဲရန် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအား ၂၀၁၂ ခုနှစ်တွင် ပြဌာန်းခဲ့ကာ ၂၀၁၅ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်တို့တွင် ပြန်လည်ပြင်ဆင်ခဲ့ပြီး ပြဌာန်းချက်များအရ အမေရိကန်ဒေါ်လာတန်ဖိုးနှင့်ညီမျှသည့် FEC ငွေကြေးစနစ်ထုတ်ဝေနိုင်သည့် ပြဌာန်းချက်မပါဝင်ကြောင်း ဗဟိုဘဏ်မှထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် FEC စတင်ပြန်လည်အ ကောင်အထည်ဖော်သွားမည်ဆိုသည့် သတင်းမှာ သတင်းအမှားသာဖြစ်ပြီးနိုင်ငံ ခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် ဆောင်ရွက်ရန်အစီအစဉ်
မရှိကြောင်းအသိပေးထုတ်ပြန်ခဲ့သည်။

အလားတူ ဗဟိုဘဏ်မှ ၂၀၂၂ ခုနှစ်၊ဧပြီ ၃ ရက်က ပြည်တွင်း၌နေထိုင်သူများ၏ နိုင်ငံခြားသုံးငွေဆောင်ရွက်ချက်များနှင့်ပတ်သက်သည့် အမိန့်ကြေညာစာအမှတ် ၁၂/၂၀၂၂ အားထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်အရ ပြည်တွင်း၌နေထိုင်သူများအနေဖြင့် နိုင်ငံခြားသုံးငွေဖြင့်ရရှိသည့် ဝင်ငွေများအား အလုပ်လုပ်ရင် ၁ ရက် အတွင်း မြန်မာကျပ်ငွေဖြင့်လဲလှယ်ရမည်ဖြစ်ပြီး အမိန့်ကြေညာစာမထွက်မီ နိုင်ငံခြားငွေစာရင်းများ၌ရှိသည့် နိုင်ငံခြငွေများအား AD ဘဏ်များသို့ ရောင်းချရမည်ဟု ဗဟိုဘဏ်မှထုတ်ပြန်ခဲ့သည်။

ထို့ပြင် အမိန့်ကြော်ငြာစာအမှတ် ၁၂/၂၀၂၂ ၏ အပိုဒ်(၃)အရ ကင်းလွတ်ခွင့်ရရှိသည့် ကုမ္ပဏီ၊အဖွဲ့အစည်းများကိုလည်း ဗဟိုဘဏ်မှထုတ်ပြန်ခဲ့ကာ ကင်းလွတ်ခွင့်မရသည့် ကုမ္ပဏီများအနေဖြင့်လည်း အမိန့်ကြော်ငြာစာအမှတ် ၁၂၈၊ ၂ အရ နိုင်ငံခြားငွေစာရင်းရှိ နိုင်ငံခြားငွေများအား မြန်မာကျပ်ငွေဖြင့် AD လိုင်စင်ရဘဏ်မျသို့ ရောင်းချရမည်ဟု ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် AD လိုင်စင်ရဘဏ်များမှလည်း ကင်း လွတ်ခွင့်မရသည့် ကုမ္ပဏီ၊အဖွဲ့အစည်း၊လူပုဂ္ဂိုလ်များ၏ နိုင်ငံခြားငွေစာရင်းမှ နိုင်ငံခြားငွေများအား အမိန့်ကြေညာစာထွက်ရှိသည့်နေ့မှစ၍ ဝယ်ယူလျက်ရှိကြောင်း သိရသည်။

လတ်တလော၌ ကုမ္ပဏီ၊အဖွဲ့အစည်း၊လူပုဂ္ဂိုလ်များ၏ နိုင်ငံခြားငွေစာရင်းမှ နိုင်ငံခြားငွေများအား သိမ်းယူနေသည်ဆိုသည့် သတင်းမှာလည်း သတင်းအမှားသာဖြစ်သည်ဟု ဗဟိုဘဏ်မှအသိပေးထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here