ကုမ္ပဏီအားလုံးနှင့် တစ်ဦးချင်းပိုင် ဒေါ်လာများများကို ကျပ်ငွေ လဲရမည်ဆိုသည့် သတင်းမှာ ကောလာဟလ သာဖြစ်ကြောင်း ဗဟိုဘဏ် ထုတ်ပြန်

0
194

ကုမ္ပဏီအားလုံးနှင့် တစ်ဦးချင်းပိုင် ဒေါ်လာများများကို ကျပ်ငွေ လဲရမည်ဆိုသည့် သတင်းမှာ ကောလာဟလ သာဖြစ်ကြောင်း ဗဟိုဘဏ် ထုတ်ပြန်

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင်  မှတ်ပုံတင်ထားသည့် ကုမ္ပဏီအားလုံးနှင့် လူတစ်ဦးချင်းပိုင် ဒေါ်လာများကို ကျပ်ငွေအဖြစ် မဖြစ်မနေ လဲရမည်ဆိုသည့် သတင်းမှာ ကောလာဟလသာဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ထွက်ပေါ်ခဲ့သည့် အဆိုပါ သတင်းနှင့် ပတ်သက်၍ ပြည်သူများကြား အထိတ်တ လန့် ဖြစ်ပေါ်ခဲ့သည့်အပေါ် ဗဟိုဘဏ်က ယခုလို ဖြေရှင်း ချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မီဒီယာအချို့တွင် ဒေါ်လာ ငွေများကို ဇူလိုင်လ ၂၁ ရက်နေ့  ညနေ ၆ နာရီ နောက်ဆုံးထားလဲလည်ဖို့ ညွှန်ကြားထားကြောင်း ဖော်ပြမှုအရ ပြည် တွင်း၌ နိုင်ငံတကာနှင့် ချိတ်ဆက်ကာလုပ်ငန်း လုပ်ကိုင်သူများအကြား ခေါင်းနပန်းကြီးစရာ ဖြစ်ခဲ့သည်။

” ကျွန်တော်ဆို ညဖက် အိပ်တောင်မပျော်ဘူးဗျာ” ဟု ဂျ ပန် – မြန်မာ ချိတ်ဆက်၍ လုပ်ငန်းလုပ်ဆောင်နေသည့် ကုမ္ပဏီ တစ်ခု၏ CEO ဖြစ်သူတစ်ဦးက အဆိုပါ ကော လာဟလ သတင်းနှင့် ပတ်သက်၍ ၎င်း၏ ခံစားချက်ကို ပြောပြသည်။

ဗဟိုဘဏ်သည် ပြီးခဲ့သည့် ဇူလိူင်လ ၁၅ ရက်က နိုင်ငံ ခြားသား ပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်းပါဝင်သည့် မြန်မာကု မ္ပဏီများအနေဖြင့် ၎င်းတို့ပိုင် ငွေစာရင်းထဲက ဒေါ်လာများကို ဗဟိုဘဏ်၏ သတ်မှတ်ဈေးနှုန်း ၁၈၅၀ ဖြင့် လဲလည် ရမည်ဟု ထုတ်ပြန်ညွှန်ကြားထားပြီး ဖြစ်သည်။

လက်ရှိ ဈေးကွက်အတွင်း ဒေါ်လာ ပေါက်ဈေး ၂၄၅၀ ဝန်းကျင် ဖြစ်နေချိန်တွင် ဗဟိုဘဏ်သတ်မှတ်ဈေးနှုန်း ၁၈၅၀ ဖြင့် လဲခိုင်းခြင်းကြောင့် ပြည် တွင်း စီးပွားရေးလုပ်ငန်းများ ထိခိုက်နစ်နာမှုကြီးမားကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က သုံးသပ်နေကြသည်။

ပြီးခဲ့သည့် ဧပြီလ ၃ ရက်က ထုတ်ပြန်ထားသည့် ဗဟိုဘဏ် ညွှန်ကြားချက်တွင် ပြည်တွင်း၌ နေထိုင်သူများအနေဖြင့် နိုင်ငံခြားငွေဖြင့် ရရှိသည့် ဝင်ငွေများကို တစ်ရက်အတွင်း မြန်မာကျပ်ငွေဖြင့် လဲရမည်ဟု ညွှန်ကြားထားသည်။

ထို့အပြင် အဆိုပါ ထုတ်ပြန်ချက် မထုတ်မီက ရှိနှင့်ပြီးသား နိုင်ငံခြားငွေများကိုလည်း AD လိုင်စင်ရ ဘဏ်များတွင် ရောင်းချရမည်ဟု ဗဟိုဘဏ်က ညွှန်ကြားထားပြီး ဖြစ်သည်။

ထို့ကြောင့် လတ်တလော ထပ်မံထွက်ပေါ်လာသည့် ကုမ္ပဏီအားလုံးနှင့် လူတစ်ဦးချင်းပိုင် ဒေါ်လာများကို မြန်မာကျပ်ငွေသို့ မဖြစ်မနေလဲလည်ရမည် ဆိုသည့် သတင်းမှာ ကောလာဟလ သတင်းသာ ဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here