ပြည်ပချေးငွေများအား ကာလတစ်ခုအထိ ပြန် လည်ပေးဆပ်ရန်ဆိုင်းငံ့ရခြင်းသည် လုပ်ငန်းရှင်များအရှိန်ယူရာ၌ အထောက်အပံ့ဖြစ်စေရန် ဆောင်ရွက်ခြင်းဖြစ်ဟု ဗဟိုဘဏ်ရှင်းလင်း

0
135

ပြည်ပချေးငွေများအား ကာလတစ်ခုအထိ ပြန် လည်ပေးဆပ်ရန်ဆိုင်းငံ့ရခြင်းသည် လုပ်ငန်းရှင်များအရှိန်ယူရာ၌ အထောက်အပံ့ဖြစ်စေရန် ဆောင်ရွက်ခြင်းဖြစ်ဟု ဗဟိုဘဏ်ရှင်းလင်း

ဗဟိုဘဏ်မှ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၉-က ၊ ပုဒ်မ ၃၈-ဃ နှင့် ပုဒ်မ ၄၂-က ၊ နိုင်ငံခားသုံးငွေစီမံခန့်ခွဲမှုစည်းမျဥ်း အပိုဒ် ၄၈ အရ ဇူလိုင် ၁၃ ရက်ကထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဗဟိုဘဏ်မှ ပြည်ပမှငွေသားဖြစ်စေ၊ပစ္စည်းဖြစ်စေ ချေးငွေရယူထားသည့် ပြည်တွင်း၌နေထိုင်သော ကုမ္ပဏီ၊အဖွဲ့အစည်းများအနေဖြင့် အတိုးနှင့်အရင်းပြန်လည်ပေးဆပ်ခြင်းအား လတ်တ လောကာလ၌ဆိုင်းငံ့ထားရန် ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။

အဆိုပါ ထုတ်ပြန်ချက်သည် ပြည်ပချေးငွေရယူထားသည့် လုပ်ငန်းရှင်များသည် ကိုဗစ်ကာလ အ လွန်၌ စီးပွါးရေးလုပ်ငန်းများပြန်လည်ဦးမော့လာစေရန် နည်းမျိုးစုံဖြင့်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အဓိကအားဖြင့် ငွေကြေးမတည်မှူနှင့်လုပ် သားရရှိနိုင်မှုဖြစ်သည်။

ထို့ကြောင့် နှစ်ရှည်ကျော်ဖြတ်ခဲ့ရ၍ ချိနဲ့စပြုနေသည့် လုပ်ငန်းများ ခွန်နှင့်အားနှင့်ရုန်းထရန်ဆောင်ရွက်ချိန်၌ မတည်ရင်းနှီးထားသော ငွေရင်းနှင့်ပြည်တွင်းပြည်ပမှရယူထားသည့် ချေးငွေမှာ အဓိကအချက်တွင်ပါဝင်နေ၍ ပြည်တွင်း၊ပြည်ပချေးငွေများပေးဆပ်ရမည်ကို ဗဟိုဘဏ်မှကာလတစ်ခုအထိ ဖြေလျော့ခွင့်ပြုခဲ့သည်။

ထိုသို့ ကာလတစ်ခုအထိ ဆိုင်းငံ့ရခြင်းမှာ လုပ် ငန်းရှင်များအရှိန်ယူရာ၌ အထောက်အပံ့ဖြစ်စေရန်ဆောင်ရွက်ခြင်းဖြစ်ကာ ဆိုင်းငံ့လိုပါက Repayments schedule  ပြန်လည်ပေးဆပ်မည့်အစီအစဉ်အား ချေးယူသူနှင့်ချေးငှားသူ သဘော တူညီချက်ဖြင့် ဆောင်ရွက်နိုင်ကြောင်း အသိပေးအကြောင်းကြားခြင်းဖြစ်ကြောင်း ဗဟိုဘဏ်မှရှင်းလင်းခဲ့သည်။

ထို့ကြောင့် မည်သည့် Negative impact မှဖြစ်ရန်အကြောင်းမရှိပဲ ပြင်ပ၌ပျံ့နှံ့နေသည့် လိုရာဆွဲတွေး၍ အပျက်သဘောဆောင်သည့် မှတ်ချက်ပြု ကာ ပြည်သူများစိတ်အနှေက်အယှက်ဖြစ်စေရန် ငွေစျေးနှုန်း၊ကုန်စျေးနှုန်းများတက်ရန် လုပ် ဆောင်နေခြင်းအားနားလည်ကြရန် ဗဟိုဘဏ်က အသိပေးရှင်းလင်းခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here