မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတွင် Gas တင်လာသည့် ကားတစ်စီးပစ်ခတ်ခံရ

0
150

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတွင် Gas တင်လာသည့် ကားတစ်စီးပစ်ခတ်ခံရ

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်၊မြဝတီ- ကော့ကရိတ်သွား အာရှလမ်းမကြီး၏ ကော့နွဲ့ကျေးရွာအနီးရှိ ကော့နွဲ့တံတားအကျော်တွင် ဇူ လိုင် ၂၃ ရက်(ယနေ့)နံနက်ပိုင်းက ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့နံနက် ၉ နာရီခန့်က မြဝတီမြို့မှဆင်းလာသည့် Gas တင်ကားတစ်စီးသည် ကော့နွဲ့တံတားအ ကျော်ရှိ ကျောက်ခွဲစက်ရှေ့တွင် သေနတ်ဖြင့်ပစ် ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ဆီသတင်းရောက်လာတယ် Gas ကားပစ်ခံရတယ်ဆိုတာကို သိရသလောက်ဆိုရင်တော့ မီးလောင်မှုမဖြစ်ဘူး Gas တွေကတော့ပန်းထွက်နေတယ် ကားသမားလည်းထိခိုက်မှုမရှိဘူး ဆင်းပြေးသွားတယ်လို့ကြားတယ်”ဟု ပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရ၍ Gas များထွက်နေသည့် ကားအားမီးလောင်မှုမဖြစ်စေရန် ကော့ကရိတ်မြို့ နယ်မီးသတ်စခန်းမှ မီးသတ်ကားများဖြင့်သွား ရောက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

“Gas ကားပစ်ခံရပြီး ၁၀ နာရီနောက်ပိုင်းလောက်မှာတော့ ကားသွားကားလာတွေပြန်ရှိလာတယ်လို့ အခင်းဖြစ်ရပ်ကို ကျွန်တော်တို့ရုံးဝင်ပြောတဲ့ကသမားတွေဆီကပြန်သိရတယ် ကျွန်တော်တို့ကတော့ လူနာကောက်စရာမရှိတဲ့အတွက် မသွားဖြစ်ပါဘူး အ ဆင်သင့်တော့နေနေပါတယ်”ဟု ပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here