မြောက်ဦးမြို့၊ လောကမာရ်အောင်စေတီတော် မိုးကြိုးပစ်ခံရ၍ စိန်ဖူးတော်မြေခမှုဖြစ်ပွား

0
356

မြောက်ဦးမြို့၊ လောကမာရ်အောင်စေတီတော် မိုးကြိုးပစ်ခံရ၍ စိန်ဖူးတော်မြေခမှုဖြစ်ပွား

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လောကမာရ်အောင်စေတီတော်မိုးကြိုးပစ်ခံရ၍ စိန်ဖူးတော်မြေခဲ့ရသည်ဖြစ်စဥ်တစ်ခုဖြစ်ပွားခဲ့ကြောင်းသိရသည်။ လောကမာရ်အောင်စေတီ၏ စိန်ဖူးတော်မိုးကြိုးပစ်ခံရသည့်ဖြစ်စဥ်သည် ဇူလိုင် ၂၂ရက် မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဖြစ်စဥ်အတွက် မြောက်ဦး မြို့နယ်၊သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူတို့သည် ယင်းဖြစ်စဥ်ဖြစ်ပွားရာသို့ မြေပြင်ကွင်းဆင်းကြည့်ရှု့ခဲ့ရာ စိန်ဖူးတော်မှာမြေခမှုဖြစ်ပွားခဲ့ပြီး ထီးတော်မှာလည်းအရှေ့မြောက်ဘက်သို့ အနည်းငယ်တိမ်းစောင်း ခဲ့ကာ စိန်ဖူးတော် ၏အပေါ်၌တွဲလျက်ရှိသည့် ကာလတန်ဖိုး ၃,၈ဝဝ,ဝဝဝ ကျပ်ခန့်ရှိ စိန်လုံးမှာရှာတွေ့ခြင်းမရှိဘဲ ပျောက်ဆုံးခဲ့သည်ဟု သိရသည်။

သို့သော် စေတီတော်တွင် အခြားသော ထိခိုက်ပျက်စီးမှုတစ်စုံတစ်ရာမရှိဘဲ မြေခခဲ့သည့်စိန်ဖူးတော်၏အရွယ်အစားမှာ အမြင့် ၆.၅ လက်မ၊ အချင်း ၃ လက်မ၊ လုံးပတ် ၈ လက်မဖြစ်ပြီး ၎င်းစိန်ဖူးတော်သည် ၂၀၁၉ မတ်လတွင် လှူဒါန်းပူဇော်ခဲ့သော စိန်ဖူးတော်ဖြစ်သည်ဟု သိရသည်။  မြေခခဲ့သည့်စိန်ဖူးတော်အား လောကမာရ်အောင်စေတီတော် ဂေါပကဥက္ကဋ္ဌ ဦးကျော်ကျော်မှ သိမ်းဆည်းထားရှိပြီး မိုးကြိုးခမှုကြောင့်ပျက်စီးမှုများအား ရှေး/သုဦးစီးဌာန၏လမ်းညွှန်မှုအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရှိရသည်။

 

အဆိုပါ လောကမာရ်အောင်စေတီတော်ကို  ကောဇာသက္ကရာဇ် ၁၀၁၄ ခု(အေဒီ ၁၆၅၂ ခု)တွင် ဘုရင်စန္ဒသုဓမ္မရာဇာမှ တည်ထားကိုးကွယ်ခဲ့သည်ဟု သိရသည်။ Crd – narinjara


LEAVE A REPLY

Please enter your comment!
Please enter your name here