AA မှပုဏ္ဏားကျွန်းမြို့နယ်၏ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ကားမောင်းသူတို့အား ပြန်လွတ်ပေးခဲ့

0
138

AA မှပုဏ္ဏားကျွန်းမြို့နယ်၏ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ကားမောင်းသူတို့အား ပြန်လွတ်ပေးခဲ့

ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့နယ်၊မြို့နယ်အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးဦးလှရွှေ(၅၃)နှစ်နှင့်၎င်း၏ ကားမောင်းသူမောင်ကျော်နိုင်(၃၀)နှစ်တို့အား AA မှမေးမြန်းရန်ခေါ်ဆောင်သွားပြီးနောက် ဇူလိုင် ၂၃ ရက်(ယနေ့)မွန်းတည့်ပိုင်းတွင် ပြန်လွတ်ပေးခဲ့ကြောင်း သိရသည်။

AA ၏ထုတ်ပြန်ချက်တွင် “လိုအပ်ချက်အရ ဦးလှရွှေနှင့်မောင်ကျော်နိုင်တို့အား စစ်ရေးနှင့် ပတ်သက်မှုရှိ၊မရှိ ခေါ်ယူမေးမြန်းခြင်းဖြစ်သည်”ဟု ရေးသားထားသည်။

ထိုသို့ ခေါ်ယူမေးမြန်းပြီးနောက် ဦးလှရွှေနှင့်မောင်ကျော်နိုင်တို့အား ယနေ့မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်၌ ပုဏ္ဏားကျွန်းမြို့နယ်၊ယိုးငူနှင့်ကျောက်ဆိပ်ရွာကြား၌ ကောင်းမွန်စွာပြန်လွှတ်ပေးခဲ့ကြောင်း AA မှထုတ်ပြန်ရေးသားထားသည်။

အလားတူ ULA/AA အနေဖြင့် ဝန်ထမ်းအချို့အား အခြေအနေနှင့်လိုအပ်ချက်အရ ခေါ်ယူစစ်ဆေးမေးမြန်းမှုများပြုလုပ်လေ့ရှိပြီး စစ်ဖက်နှင့်မသက်ဆိုင်ပါက ကောင်းမွန်စွာပြန်လွှတ်ပေးသည်ဟု ထုတ်ပြန်ချက်၌ရေးသားထားသည်။

ပုဏ္ဏားကျွန်းမြို့နယ်အုပ်ချုပ်ရေးမှူးဦးလှရွှေနှင့်ကားမောင်းသူမောင်ကျော်နိုင်တို့အား AA မှ ဇူလိုင် ၁၇ ရက်တွင်မေးမြန်းရန်ရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here