မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ပြည်တွင်း ၊ပြည်ပ ခရီးစဥ်အတွက် လေယာဥ်လက်မှတ်များအား အထူးလျော့စျေးဖြင့်ဝယ်ယူနိုင်

0
399

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ပြည်တွင်း ၊ပြည်ပ ခရီးစဥ်အတွက် လေယာဥ်လက်မှတ်များအား အထူးလျော့စျေးဖြင့်ဝယ်ယူနိုင်

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ပြည်တွင်းပြည်ပ ခရီးစဥ်များအတွက် လေယာဥ်လက်မှတ်များအား အထူးလျော့စျေးဖြင့် ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၁ ရက်အထိ ဝယ်ယူနိုင်ကြောင်း သိရသည်။

အဆိုပါ အထူးလျော့စျေးဖြင့် ဝယ်ယူနိုင်ခြင်းအား Moonsoon Online Travel Fair 2022 အနေဖြင့်ပြုလုပ်ခြင်းဖြစ်ကာ ၁၅ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်းအထူးလျော့စျေးဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။

အဆိုပါ ကာလအတွင်းဝယ်ယူသည့် လေယာဉ်လက်မှတ်များ၏ ခရီးသွားကာလအား ဇူလိုင် ၂၇ ရက်မှ ၂၀၂၃ ခုနှစ်၊ဧပြီ ၁၇ ရက်အထိ သတ်မှတ်ထားကာ အောက်တိုဘာ ၂၉ ရက်မတိုင်မီအထိ တစ်ကြိမ် အခမဲ့ရက်ချိန်းနိုင်ပြီး Travel Fair ကာ လပြီးဆုံးချိန်၌ လက်မှတ်ဝယ်ယူထားသည့် ခရီး သည်များအနက် ၁၀ ဦးကိုရွေးချယ်၍ ကြိုက်နှစ် သက်ရာ ခရီးစဉ်အား ရွေးချယ်သွားရောက်နိုင်မည့် လေယာဉ်လက်မှတ်များကို မဲဖောက်ပေးသွားမည်ဖြစ်သည်။

ထို့ပြင် ဇူလိုင် ၂၇ ရက်မှဩဂုတ် ၁၀ ရက်အတွင်း ပျံသန်းထားသည့် ပြည်ပခရီးစဉ်၏ အသွားအပြန် Boarding Pass နှစ်စောင်အား စက်တင်ဘာ ၃၀ ရက်မတိုင်မီ မြန်မာအမျိုးသားလေကြောင်း လက် မှတ်အရောင်းကောင်တာများတွင်ပြသ၍ ပြည် တွင်းခရီးစဉ် One Way ticket အား ၂၀ ရာခိုင်နှုန်း အထူးလျော့စျေးဖြင့်ဝယ်ယူနိုင်မည်ဖြစ်သည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ လေယာဉ်လက်မှတ်များအား MNA website www.flymna.com ၊ Mobile Application၊ MNA Ticketing Counters နှင့် Authorized Travel Agent များတွင် USD နှင့် MMK currency များဖြင့်ဝယ်ယူနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here