ရွှေကျင်မြို့နယ်ရှိ အ.ထ.က(ခွဲ)ကျောင်း၏ ကျောင်းအုပ်ဆရာမကြီးရုံးခန်း မီးရှို့ဖျက်စီးခံရ

0
378

ရွှေကျင်မြို့နယ်ရှိ အ.ထ.က(ခွဲ)ကျောင်း၏ ကျောင်းအုပ်ဆရာမကြီးရုံးခန်း မီးရှို့ဖျက်စီးခံရ

 

ပဲခူးတိုင်း၊ရွှေကျင်မြို့နယ်၊စလူချောင်းကျေးရွာရှိ အ.ထ.က(ခွဲ)ကျောင်း၏ ကျောင်းအုပ်ဆရာမကြီးရုံးခန်းသည် ဇူလိုင် ၂၃ ရက်နံနက်ပိုင်းက မီးရှို့ဖျက်စီးခံခဲ့ရသည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

ယင်းနေ့နံနက် ၅ နာရီခန့်က စလူချောင်းကျေးရွာ ၏ အ.ထ.က(ခွဲ)ကျောင်းဝင်းအတွင်းသို့ အမည်မသိအမျိုးသားများမှဝင်ရောက်၍ မီးရှို့ဖျက်စီးနေကြောင်း သတင်းအရ လုံခြုံရေးအဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာ ကျောင်းဝင်းအတွင်း ကျောင်း အုပ်ဆရာမကြီးရုံးခန်းရှိ သစ်သားစားပွဲ ၁ လုံး၊ ပလတ်စတစ်ထိုင်ခုံ ၄ လုံး၊ သစ်သားကုလားထိုင် ၁ လုံး၊ စာရေးခုံရှည် ၂ လုံး၊ အလူမီနီယမ်ဗီရို ၁ လုံး၊ နံရံကပ် နာရီ ၁ လုံး၊ သိပ္ပံလက်တွေ့ပစ္စည်းများ၊ စာရွက်စာတမ်းများနှင့်မျက်နှာကျက်များ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

Telegram တွင်ဖတ်ရန် >>
https://t.me/popularjournal


LEAVE A REPLY

Please enter your comment!
Please enter your name here