ဥရောပ၏ရုရှားအပေါ်ပိတ်ဆို့မှု မအောင်မြင်ဟု ဟန်​ဂေရီဝန်ကြီးချုပ် ဆို

0
209

ဥရောပ၏ရုရှားအပေါ်ပိတ်ဆို့မှု မအောင်မြင်ဟု ဟန်​ဂေရီဝန်ကြီးချုပ် ဆို

မော်စကိုအပေါ် ဒဏ်ခတ်အရေးယူမှုများသည် မ‌​အောင်မြင်သဖြင့်ဥရောပသမဂ္ဂအနေဖြင့် ယူကရိန်းစစ်ပွဲအတွက် မဟာဗျူဟာအသစ်တစ်ခုလိုအပ်ကြောင်း ဟန်ဂေရီဝန်ကြီးချုပ်ဗစ်တာ‌​အော်ဘန်ကပြောကြားခဲ့သည်။

“စစ်ပွဲကိုအနိုင်ရအောင်လုပ်မယ့်အစား ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အာရုံစိုက်ပြီး ကောင်းမွန်တဲ့ ငြိမ်းချမ်းရေးအဆိုပြုချက် ရေးဆွဲဖို့ မဟာဗျူဟာသစ်လိုအပ်ပါတယ်” ဟု‌ ​အော်ဘန်က ရိုမေးနီးယား၌စနေနေ့က မိန့်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့သည်။

ဧပြီလက စတုတ္ထမြောက်ဝန်ကြီးချုပ်သက်တမ်းအတွက် ပြန်လည်အရွေးခံရသောဗစ်တာ က နေတိုးအဖွဲ့ဝင်ဟန်ဂေရီသည် အိမ်နီးချင်းယူကရိန်းစစ်ပွဲမှကင်းကင်း‌နေမည် ဖြစ်ကြောင်းထပ်လောင်းပြောကြားခဲ့သည်။

ရုရှားဓာတ်ငွေ့တင်သွင်းမှုအပေါ် အဓိကမှီခိုနေရသည့်အတွက် အီးယူ၏ပိတ်ဆို့ကန့်သတ်မှုများကို ဟန်ဂေရီကပံ့ပိုးကူညီရန် ဆန္ဒမရှိကြောင်းလည်းသူ ကပြောကြားခဲ့သည်။

ယူကရိန်းအရေးနှင့်ပတ်သက်၍ အနောက်နိုင်ငံ၏မဟာဗျူဟာသည် မဏ္ဍိုင်လေးရပ်ပေါ်တွင် တည်ဆောက်ထားပြီး ထိုလေးရပ်မှာ _ ယူကရိန်းက ရုရှားကိုနေတိုးလက်နက်တွေနဲ့ စစ်ပွဲမှာအနိုင်ယူနိုင်လိမ့်မယ်လို့ယူဆထားချက်၊ဒဏ်ခတ်ပိတ်ဆို့မှုများသည် ရုရှားကို အားပျော့စေပြီး ၎င်း၏ခေါင်းဆောင်မှုကို မတည်မငြိမ်ဖြစ်စေမည်ဟုယူဆချက်၊ပိတ်ဆို့အရေးယူမှုများသည် ဥရောပထက် ရုရှားကို ပိုမိုထိခိုက်စေလိမ့်မည်ဟူသောယူဆချက် နှင့် ကမ္ဘာကလည်းဥရောပကိုထောက်ခံရန် တန်းစီနေမည်ဟူသောယူဆချက် စသည်တို့ဖြစ်ကြောင်း၎င်းကဆိုသည်။

သို့သော်ဥရောပရှိ အစိုးရများသည် “ဒိုမီနိုများ” ကဲ့သို့ပြိုကျကာ စွမ်းအင်စျေးနှုန်းများမြင့်တက်လာသဖြင့် မဟာဗျူဟာအသစ်ကိုလိုအပ်လာပြီးဤမဟာဗျူဟာမှာ မအောင်မြင်ခဲ့ကြောင်းအော်ဘန် ကပြောကြားခဲ့သည်။

“ကျွန်တော်တို့က ဘီးလေးဖက်လုံးပေါက်နေတဲ့ ကားထဲထိုင်ပြီးခရီးဆက်နေသလိုပါပဲ၊အရာမရောက်ပါဘူး၊ခရီးမတွင်ပါဘူး၊ခုလိုဟိုပိတ်ဒီဆို့လုပ်နေရုံနဲ့လဲ စစ်ပွဲကအနိုင်မရသွားဘူးဆိုတာ အားလုံးလည်းရှင်းရှင်းလင်းလင်းမြင်နေတာပဲမဟုတ်လား” ဟု အော်ဘန်က၎င်းအားထောက်ခံအားပေးသူများကိုပြောခဲ့သည်။

ယူကရိန်းသည်လည်း ဤနည်းဖြင့် စစ်ပွဲကို အောင်နိုင်လိမ့်မည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။၎င်းအနေဖြင့် အမေရိကန်နှင့်ရုရှားတို့အား စစ်ပွဲရပ်တန့်သွားစေရန် စေ့စပ်ဆွေး‌နွေးစေလို‌ကြောင်းတောင်းဆိုခဲ့သည်။

ရုရှားလိုချင်နေတဲ့လုံခြုံရေး အာမခံချက်ကိုဝါရှင်တန်ကပဲ ပေးနိုင်တာမို့ “ရုရှား-အမေရိကန် ဆွေးနွေးပွဲကသာ ပဋိပက္ခကို အဆုံးသတ်နိုင်မှာပါ” ဟု၎င်းကဆိုသည်။မကျူးကျော်မီက ရုရှား၏လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကို လျစ်လျူရှုခြင်းအတွက်လည်း အနောက်နိုင်ငံခေါင်းဆောင်များအားဝေဖန်ခဲ့သည်။

“အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကယ်လ် တို့နဲ့သာဆို ရင်ဒီစစ်ပွဲဟာ ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး” ဟု လည်း၎င်းကပြောကြားခဲ့သည်။

Source – Aljerzeera


LEAVE A REPLY

Please enter your comment!
Please enter your name here