Sunday, December 22, 2024

သြစတြေးလျတွင် တောမီးမထိန်းနိုင်၍ လူရာနှင့်ချီကို ဘေးလွတ်ရာ...

သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်တွင် လောင်ကျွမ်းနေသည့် တောမီးသည် စနေနေ့တွင် ထိန်းချုပ်နိုင်ခြင်းမရှိတော့သည့်အတွက် အန္တရာယ်မြင့်မားသော အခြေအနေတွင်ရှိနေသော ပြည်နယ်အနောက်ပိုင်းရှိ ဒေသခံရာနှစ်ချီကို ဘေးလွတ်ရာရွှေ့ပြောင်းရန် အာဏာပိုင်များက အမိန့်ထုတ်ခဲ့သည်။ ပြည်နယ်မြို့တော်...

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅...

နိုင်ငံတော်အစိုးရမှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်အတွင်း အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ ခရီးသွားလာမှုလွယ်ကူစေရန်နှင့် ရက်ရှည်အနားယူအပန်းဖြေနိုင်စေရန် ရည်ရွယ်၍ ရုံးဖွင့်ရက်တချို့အား တစ်ဆက်တည်းပိတ်၍...

မြန်မာအသင်း ဗီယက်နမ်ကို ဂိုးပြတ်ရှုံးကာ အာဆီယံမစ်ဆူဘီရှီ...

အာဆီယံမစ်ဆူဘီရှီ ဖလားပြိုင်ပွဲ အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်ကို ယနေ့ ဒီဇင်ဘာ (၂၁)ရက် ည(၇)ခွဲ အချိန်၌ မြန်မာ နှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက...

အေးချမ်းသည့်ဆောင်းရာသီ၌ စောင်အထည် (၂၀၀၀)လှူဒါန်းခဲ့သည့် “ထိုက်သူပန်”တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး

နေပြည်တော်ရှိ "ထိုက်သူပန်"တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ယနေ့ ဒီဇင်ဘာ ၂၁ ရက်ညနေ ၄ နာရီက နေပြည်တော်အနီးတစ်ဝိုက်ရှိ ဆောင်းရာသီ၌စောင်လိုအပ်နေသူများအတွက် (၄)နှစ် မြောက်အဖြစ် စောင်အထည်(၂၀၀၀)ကိုလှူဒါန်းပေးခဲ့ကြောင်း...
HomeInternationalဂျပန်တွင်ကိုဗစ်ကူးစက်သူ နှစ်သိန်းကျော်လာ

ဂျပန်တွင်ကိုဗစ်ကူးစက်သူ နှစ်သိန်းကျော်လာ

ဂျပန်တွင်ကိုဗစ်ကူးစက်သူ နှစ်သိန်းကျော်လာ

တိုကျို၊ဇူလိုင် ၂၃

စနေနေ့ကဖော်ပြခဲ့သော ရောဂါကူးစက်မှုမှတ်တမ်းအရ ဂျပန်တွင်ကိုဗစ်ကူးစက်‌နေသူ နှစ်သိန်းကျော်ရှိနေပြီဖြစ်ကြောင်းသိရသည်။အဆိုပါပမာဏသည် ပထမလှိုင်းမှစ၍ယခုသတ္တမလှိုင်းအတွင်း ကူးစက်မှုအမြင့်ဆုံးပမာဏဖြစ်သည်ဟုဖော်ပြထားသည်။

တိုကျိုတွင် ရောဂါကူးစက်မှုအသစ် ၃၂,၆၉၈ ခုရှိခဲ့ပြီး၊ တတိယအများဆုံးရက်ဖြစ်သည့်ကူးစက်သူ ၃၀,၀၀၀ ကို ကျော်လွန်ကာ ယခင်အပတ်စနေနေ့ကထက်ပင် ၁၃,၀၀၀ ကျော်တိုးလာခဲ့သည်။

တစ်နိုင်ငံလုံး၌နေ့စဉ် ပေါ်ထွက်နေသောလူနာအ‌ရေအတွက်သည် ၂၀၀,၉၇၅ ဦးသို့ရောက်ရှိပြီး ဖေဖော်ဝါရီ ၃ ရက်က ၁၀၄,၀၀၀ ဝန်းကျင်သို့ရောက်ရှိခဲ့သည့် ဆဌမလှိုင်း၏ အထွတ်အထိပ်ပမာဏထက်ပင်နှစ်ဆတိုးလာသည်။ယခုနောက်ဆုံးဖြစ်ပေါ်နေသောလှိုင်းသည် BA.5 ဟုသိကြသော ကူးစက်မြန် Omicron ၏မျိုးကွဲဖြစ်သည်။

နိုင်ငံအနှံ့အပြားတွင် မကြုံစဖူးသောကူးစက်မှုများရှိနေသော်လည်း Kishida က ၎င်း၏အစိုးရအနေဖြင့်အသွားအလာထိန်းချုပ်ရန်၊လော့ခ်ဒေါင်းချမှတ်ရန်မစဉ်းစားထားကြောင်းပြောကြားခဲ့သည်။

သို့သော် Tohoku University ဘွဲ့လွန်ကျောင်းမှ ပြည်သူ့ကျန်းမာရေးပါမောက္ခ Ken Osaka က “ရောဂါကူးစက်သူ အရေအတွက်ကို လျှော့ချဖို့စီမံ‌ဆောင်ရွက်မှု‌တွေ အပြည့်အဝလုပ်ရမယ့်ကာလကိုရောက်နေပါပြီ” ဟုလည်းဆိုသည်။

တိုကျိုတွင် စုစုပေါင်းလူ ၃,၄၃၄ ဦးသည် ကိုဗစ်ကြောင့်ဆေးရုံတင်ထားရပြီး ဆေးရုံရှိခုတင်ပမာဏ၏ ၄၆ ဒသမ ၅ ရာခိုင်နှုန်းဖြစ်သည်။၅၀ရာခိုင်နှုန်းအထက်ဆိုပါက မြို့တော်၏‌ဆေးရုံတွင် လူနာလက်ခံရန်အခက်အခဲရှိလာပြီဟု ဆိုလိုခြင်းဖြစ်သည်။

ဆေးရုံတိုင်းရှိ ကုတင်များတွင် လူနာများပြည့်လျှံနေသဖြင့် မီးသတ်နှင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအေဂျင်စီမှ လူနာတင်ယာဉ်များသည်လည်း ဆေးရုံပို့ဆောင်ရမည့်လူနာများအတွက်နေရာ‌အသည်းအသန်ရှာနေရသည်ဟုသိရသည်။ ကိုဗစ်ကြောင့်အပြင်းအထန် ဖျားနာသူဦးရေလည်း တိုးလာနေကြောင်းကျန်းမာရေးဝန်ကြီးဌာနကပြောသည်။

စနေနေ့မှစ၍ တိုကျိုရှိဆေးဘက်ဆိုင်ရာဝန်ထမ်းများနှင့်သက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်သားများသည် ၎င်းတို့၏စတုတ္ထအကြိမ်မြောက်ကိုဗစ် ကာကွယ်ဆေးများကို စတင်ထိုးနှံခဲ့သည်။မူလက စတုတ္ထအကြိမ်ဆေးထိုးနှံနိုင်သူများကို အသက် ၆၀ နှင့်အထက်သက်ကြီးရွယ်အိုများနှင့် ၁၈ နှစ်မှ ၅၉ နှစ်အတွင်းရှိပြီး မူလကကျန်းမာရေးအခံမကောင်းသူများကိုသာထိုးနှံပေးခြင်းဖြစ်သည်။

စတုတ္ထမြောက်ကာကွယ်ဆေးသည် ရောဂါပျံ့နှံ့မှုကိုတားဆီးရာတွင် အတိုင်းအတာတစ်ခုအထိ ထိရောက်မှုရှိကြောင်း ကျန်းမာရေးကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့က သောကြာနေ့တွင်ပြောကြားခဲ့သည်။

Source – Kyodo News

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သြစတြေးလျတွင် တောမီးမထိန်းနိုင်၍ လူရာနှင့်ချီကို ဘေးလွတ်ရာ ရွှေ့ခိုင်း

သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်တွင် လောင်ကျွမ်းနေသည့် တောမီးသည် စနေနေ့တွင် ထိန်းချုပ်နိုင်ခြင်းမရှိတော့သည့်အတွက် အန္တရာယ်မြင့်မားသော အခြေအနေတွင်ရှိနေသော ပြည်နယ်အနောက်ပိုင်းရှိ ဒေသခံရာနှစ်ချီကို ဘေးလွတ်ရာရွှေ့ပြောင်းရန် အာဏာပိုင်များက အမိန့်ထုတ်ခဲ့သည်။ ပြည်နယ်မြို့တော် မဲလ်ဘုန်း၏ အနောက်ဘက် ၂၄၁ ကီလိုမီတာခန့်နှင့် လူဦးရေ ၄၉၅ ဦးရှိသည့် Halls Gap ကဲ့သို့ ကျေးလက်မြို့လေးများအပါဝင် Grampians အမျိုးသားဥယျာဉ်အနီး ဧရိယာများအတွက် သတိပေးချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ “အန္တရာယ်အရမ်းများတဲ့ အခြေအနေမရောက်ခင် အလုံခြုံဆုံးနေရာကို ချက်ချင်းထွက်ခွာပါ” ဟု ဗစ်တိုးရီးယားပြည်နယ် အရေးပေါ်ဝန်ဆောင်မှုဌာနက ပြောဆိုခဲ့သည်။ မီးလောင်ပြင်များအနက်တစ်ခုသည် အင်္ဂါနေ့က မိုးကြိုးပစ်မှုများကြောင့် ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး တစ်ညလုံး...

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်အတွင်း ရုံးပိတ်ရက်ရှည် (၄) ကြိမ်ရရှိစေရန် ရုံးဖွင့်ရက်တချို့အား တစ်ဆက်တည်းပိတ်၍ အစားထိုးပြင်ဆင်သတ်မှတ်ပေး

နိုင်ငံတော်အစိုးရမှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်အတွင်း အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ ခရီးသွားလာမှုလွယ်ကူစေရန်နှင့် ရက်ရှည်အနားယူအပန်းဖြေနိုင်စေရန် ရည်ရွယ်၍ ရုံးဖွင့်ရက်တချို့အား တစ်ဆက်တည်းပိတ်၍ အစားထိုးပြင်ဆင်သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ တစ်ဆက်တည်း ရုံးပိတ်ရက်အဖြစ် သတ်မှတ်လိုက်သည့် ရုံးဖွင့်ရက်များကို အနီးစပ်ဆုံး စနေနေ့တစ်ရက်စီဖြင့် အစားထိုးရုံးပိတ်ရက်များအဖြစ် ပြန်လည် သတ်မှတ်ထားကြောင်းလည်း သိရသည်။ ပထမရုံးပိတ်ရက်ရှည်တွင် ပိတ်ရက် ၅ ရက်ရှိမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်(စနေနေ့)၊ ၂၉ ရက်(တနင်္ဂနွေနေ့)၊ ၃၀ ရက် (ကရင်နှစ်သစ်ကူးနေ့)နှင့် လာမည့်...

မြန်မာအသင်း ဗီယက်နမ်ကို ဂိုးပြတ်ရှုံးကာ အာဆီယံမစ်ဆူဘီရှီ ဖလားပြိုင်ပွဲမှ ထွက်ခွာရ

အာဆီယံမစ်ဆူဘီရှီ ဖလားပြိုင်ပွဲ အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်ကို ယနေ့ ဒီဇင်ဘာ (၂၁)ရက် ည(၇)ခွဲ အချိန်၌ မြန်မာ နှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက (၅)ဂိုးပြတ်ဖြင့် ရှူံးနိမ့်ခဲ့ရသည်။ ယနေ့ ပွဲစဉ်အတွင်း ပထမပိုင်းပွဲပြီးချိန်အထိ နှစ်ဘက်အသင်း သွင်းဂိုးမရရှိဘဲ ဒုတိယပိုင်း ပွဲချိန်၌ ဗီယက်နမ်အသင်း က (၅)ဂိုး သွင်းယူကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဗီယက်နမ်အသင်းသည် ဆီးမီးဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်ပြီး မြန်မာအသင်းမှာ အုပ်စုအဆင့်မှသာ အိမ်ပြန်ခဲ့ရခြင်းဖြစ်သည်။ အာဆီယံ မစ်ဆူဘီရှီဖလား ပြိုင်ပွဲအုပ်စု (ဘီ)တွင် အင်ဒိုနီးရှားအသင်းက ရမှတ် (၄)မှတ်ဖြင့် အုပ်စုတွင်းထိပ်ဆုံးနေရာတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071