အီဂျစ် ခရီးစဉ်တွင် ရုရှားစပါးတင်ပို့မှုနှင့် ပတ်သက်၍ ရုရှားနိုင်ငံခြားရေးဝန်ကြီး လာရော့ဗ်က အာမခံခဲ့

0
146

အီဂျစ် ခရီးစဉ်တွင် ရုရှားစပါးတင်ပို့မှုနှင့် ပတ်သက်၍ ရုရှားနိုင်ငံခြားရေးဝန်ကြီး လာရော့ဗ်က အာမခံခဲ့

ကိုင်ရို၊ ဇူလိုင် ၂၄ ရက်

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာရော့ဗ်သည် ဇူလိုင်လ ၂၄ ရက် တနင်္ဂနွေနေ့၌ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့သို့ သွားရောက်လည်ပတ်စဉ် အီဂျစ်သို့ တင်ပို့မည့် ရုရှားစပါးများနှင့် ပတ်သက်၍ အာမခံချက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အာမခံချက်သည်ယူကရိန်းစပါးတင်ပို့မှုကို ပြန်လည်စတင်မည့် သဘောတူညီချက်နှင့် ပတ်သက်၍ မသေချာမရေရာမှုများ ဖြစ်ပေါ်နေသည့်ကြားမှ ထွက်ပေါ်လာခြင်းဖြစ်သည်။

အီဂျစ်သည် ကမ္ဘာ့ထိပ်တန်း ဂျုံတင်သွင်းသည့်နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်၍ ပြီးခဲ့သည့်နှစ်၌ နိုင်ငံသို့တင်သွင်းခဲ့သော ဂျုံ ၏ ၈၀ ရာခိုင်နှုန်းခန့်သည် ရုရှားနှင့် ယူကရိန်းနိုင်ငံထံမှ ဖြစ်ကြောင်းသိရသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့၌ စတင်ခဲ့သော ရုရှား-ယူကရိန်းအရေးအခင်းကြောင့် စပါးတင်ပို့မှုများရပ်တန့်ခဲ့ရကာ ကမ္ဘာ့ကုန်ဈေးနှုန်းများ မြင့်တက်လာသဖြင့် အီဂျစ်နိုင်ငံ၌ ဘဏ္ဌာရေး ထိခိုက်မှုများ ရှိလာခဲ့သည်။

အီဂျစ်သို့ ဂျုံစပါးများတင်ပို့မည်ဟု ပေးထားသော ရုရှားစပါးတင်ပို့သူများ၏ ကတိကဝတ်အတိုင်း ရုရှားက ဆောင်ရွက်သွားရန် ထပ်မံအတည်ပြုကြောင်း အီဂျစ်နိုင်ငံခြားရေးဝန်ကြီး ဆာမီ ရှုခရီ သတင်းစာရှင်းလင်းပွဲတွင် လာရော့ဗ် က ပြောကြားခဲ့သည်။

လာရော့ဗ်က စပါးတင်ပို့မှုနယ်ပယ်မှာ ထားရှိရမည့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကန့်သတ်ချက်များကို ဆွေးနွေးခဲ့ပြီး နောက်ထပ် ပြုလုပ်မည့် တင်ပို့မှုများနှင့်ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများကြား သဘောတူညီမှုရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ယခုကဲ့သို့ စပါးအကျပ်အတည်းဖြစ်ရသည့် အကြောင်းရင်းများအပေါ် ၌လည်း နှစ်နိုင်ငံစလုံးကအမြင် တူသည်ဟု ၎င်းက ဆိုသည်။

ရုရှားသည် အရေးအခင်း စတင်ချိန်ကတည်းက အီဂျစ်အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းများထံသို့ ဂျုံများရောင်းချလျက် အီဂျစနိုင်ငံသို့ ဂျုံတင်ပို့မှု ဆက်လက်ပြုလုပ်နေခဲ့သည်။

လာရော့ဗ်သည် အာဖရိကနိုင်ငံများ၏ ဒေသတွင်း ခရီးစဉ်အစအဖြစ် အီဂျစ်နိုင်ငံသို့ လာရောက်လည်ပတ်နေကြောင်း သိရသည်။

Source: Reuters

 

 

 

 


LEAVE A REPLY

Please enter your comment!
Please enter your name here