ယူကရိန်းမှာ အမေရိကန်ကဇီဝလက်နက်စစ်ဆင်‌ရေးပြုနေဟု မြောက်ကိုရီးယားစွပ်စွဲ

0
95

ယူကရိန်းမှာ အမေရိကန်ကဇီဝလက်နက်စစ်ဆင်‌ရေးပြုနေဟု မြောက်ကိုရီးယားစွပ်စွဲ

ဆိုးလ်၊ဇူလိုင် ၂၄

ယူကရိန်း၌ဇီဝလက်နက်များ ထုတ်လုပ်နေသည်ဟု မြောက်ကိုရီးယားက အမေရိကန်ကို တနင်္ဂနွေနေ့ (ဇူလိုင် ၂၄ ရက်) တွင်စွပ်စွဲခဲ့သည်။

ဖေဖော်ဝါရီလကလည်း မြောက်ကိုရီးယားက အမေရိကန်၏မူဝါဒသည် ယူကရိန်းပဋိပက္ခ၏ မူလဇစ်မြစ်ဖြစ်သည်ဟုဆိုကာယူကရိန်းအရှေ့ပိုင်းရှိ ရုရှခွဲထွက်ရေးလိုလားသော ဒေသနှစ်ခုကို ယခုလတွင် တရားဝင်အသိအမှတ်ပြုခဲ့ပြီး အမေရိကန်က ယူကရိန်းအား မြောက်ကိုရီးယားနှင့် သံတမန်ဆက်ဆံရေးဖြတ်တောက်ရန် တွန်းအားပေးခဲ့သည်ဟုဆိုခဲ့သည်။

၀ါရှင်တန်သည်ယူကရိန်း အပါအဝင်နိုင်ငံနှင့် ဒေသဆယ်ခုတွင်နိုင်ငံတကာသဘောတူစာချုပ်များကို လျစ်လျူရှုပြီး ဇီဝဓာတ်ခွဲခန်းအများအပြားကို တည်ဆောက်ထားကြောင်း ရုရှားနိုင်ငံကိုကိုးကားလျက် ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KCNA) က တနင်္ဂနွေနေ့တွင်ပြောကြားခဲ့သည်။

မော်စကိုကဝါရှင်တန်သည် ယူကရိန်းတွင် ဇီဝလက်နက်များတီထွင်ရေးအတွက်သုတေသနပြုရန် ငွေကြေးထောက်ပံ့ခဲ့သည်ဟုလည်း မတ်လကစွပ်စွဲခဲ့သည်။

ယူကရိန်းတွင် ဇီဝလက်နက်ထုတ်လုပ်ရန် ရည်ရွယ်သည့် ဓာတ်ခွဲခန်းများရှိသည်ဟူသောစွပ်စွဲချက်ကို ဝါရှင်တန်နှင့်ကိဗ်တို့က ငြင်းဆိုထားပြီး အဆိုပါစွပ်စွဲချက်များသည် မော်စကိုကိုယ်တိုင်က ယင်းဗျူဟာကို အသုံးပြုလာနိုင်သည့် လက္ခဏာဖြစ်ကြောင်း အမေရိကန်က ပြောဆိုခဲ့သည်။

ကုလသမဂ္ဂ၏ လက်နက်ဖျက်သိမ်းရေးဆိုင်ရာအတွင်းရေးမှူးချုပ် Izumi Nakamitsu ကလည်း ယူကရိန်းတွင် ဇီဝလက်နက်အစီအစဉ်ပြုလုပ်နေသည်ကို UN ကမတွေ့ရှိရကြောင်း မတ်လကပြောကြားခဲ့သည်။

Source – AFP/zl


LEAVE A REPLY

Please enter your comment!
Please enter your name here