အိုမီခရွန်မျိုးကွဲသစ်များ ပျံ့နှံမှုကြောင့် ဩစတြေးလျတွင် ဆေးရုံတက်ရသူ ဦးရေ စံချိန်တင်မြင့်တက်လာ

0
199

အိုမီခရွန်မျိုးကွဲသစ်များ ပျံ့နှံမှုကြောင့် ဩစတြေးလျတွင် ဆေးရုံတက်ရသူ ဦးရေ စံချိန်တင်မြင့်တက်လာ

ဆစ်(ဒ)နီ၊ ဇူလိုင် ၂၅ ရက်

ကိုဗစ်-၁၉ ကပ်ရောဂါမျိုးကွဲဖြစ်သည့် ကူးစက်မြန် အိုမီခရွန်အမျိုးအစားခွဲ အသစ်များ၏ ပျံနှံ့မှုကြောင့် တနင်္လာနေ့တွင် ဩစတြေးလျ၌ ဆေးရုံးတင်ရသည့် လူနာသည်စုစုပေါင်း ၅,၄၅၀ အထိ စံချိန်တင် ရှိလာကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။

အဆိုပါ အိုမီခရွန်မျိုးကွဲ BA.4 နှင့် BA.5 တို့သည် ကူးစက်နှုန်း မြန်ဆန်ရုံသာမက ကိုယ်ခံအား ကာကွယ်ရေးစနစ်ကိုပါ ရှောင်ရှားနိုင်သောကြောင့် နောင်တွင် ဝက်သက်ကဲ့သို့ ကူးစက်နှုန်းမြန်လာမည်ဖြစ်ကြောင်း ကျွမ်းကျင်သူအချို့က ဆိုသည်။

ယခုလက်ရှိ ဆေးရုံတက်နေသည့် လူနာအရေအတွက်သည် အိုမီခရွန် ပထမလှိုင်း ကူးစက်မှု ဖြစ်ပွားခဲ့သည့် ဇန်နဝါရီလ၏ အမြင့်ဆုံး လူနာအရေအတွက် ၅,၃၉၀ ကိုကျော်လွန်ကာ အမြင့်ဆုံးဖြစ်လာသည်။

သေဆုံးသူလည်း နေ့စဉ်များလာပြီး စနေနေ့တွင် ပထမဆုံးအကြိမ်အဖြစ် တစ်ရာအထိ ရှိလာသည်။

သက်ကြီးရွယ်အိုများသည် အဆိုပါ ရောဂါဒဏ်ကို ပြင်းထန်စွာခံစားနေရ၍ အငြိမ်းစားယူထားသည့် သက်ကြီးရွယ်အိုများရှိရာ နေအိမ် တစ်ထောင်ကျော်တွင် လည်း ၎င်းရောဂါဖြစ်ပွား‌ေနကြသည်။

ဆေးရုံများရှိကျန်းမာရေးဝန်ထမ်း အများအပြားသည်လည်း ဖျားနာခြင်း သို့မဟုတ် သီးသန့်ခွဲနေရခြင်းတို့ကြောင့် ကုသစောင့်ရှောက်ရန် ဝန်ထမ်းမလုံလောက်မှုများ ဖြစ်‌ေနသည်။

ယခုဆောင်းရာသီတွင် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် တုပ်ကွေးဗိုင်းရပ်စ် နှစ်မျိုးစလုံး ပျံ့နှံ့နေသောကြောင့် အာဏာပိုင်များက အိမ်တွင်း၌လည်း နှာခေါင်းစည်းများ တပ်ဆင်အသုံးပြုရန်၊ အရေးပေါ် ဘူစတာဆေးထိုးထားရန် နှင့် စီးပွားရေးလုပ်ငန်းရှင်များကိုလည်း အလုပ်သမားများအား အိမ်မှအလုပ်လုပ် ခွင့်ပြုရန် အကြံပြုထားသည်။

ဩစတြေးလျသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ဆေး ထိုးနှံ့ပေးမှု အများဆုံးနိုင်ငံများထဲမှ တစ်ခုဖြစ်ပြီး အသက် ၁၆ နှစ်အထက်ရှိ လူဦး‌ရေ၏ ၉၅ ရာခိုင်နှုန်းခန့်ကို ကာကွယ်ဆေးနှစ်ကြိမ်ထိုးပေးထားသည်ဟု သိရသည်။

ဩစတြေးလျသည် ကူးစက်သူ ၉ သန်းကျော်နှင့် သေဆုံးသူ တစ်ထောင့်တစ်ရာကျော်သာရှိသဖြင့် အခြားဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ယှဉ်လျှင် နည်းပါးနေသေးကြောင်း သိရသည်။

Source: Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here