ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ခရီးသည်တင်ကား အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက် ၆ ဦးဒဏ်ရာရ

0
277

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ခရီးသည်တင်ကား အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက် ၆ ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ပျော်ဘွယ်မြို့နယ်ရှိ ရန်ကုန်-မန္တ လေးအမြန်လမ်းမကြီး၏ ပေပင်လေးအမြန်လမ်းမီးသတ်တပ်ဖွဲ့စခန်းအပိုင်တွင် ဇူလိုင် ၂၅ ရက်ည ၁၂ နာရီ ၂၀ မိနစ်ခန့်က ခရီးသည်တင်ကားတိမ်းမှောက်ခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့စခန်းမှ သိရသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအတိုင်း မန္တ လေးမြို့ဘက်မှနေပြည်တော်ဘက်သို့ အမျိုး သား ၄ ဦးနှင့်အမျိုးသမီး ၅ ဦးလိုက်ပါလာသည့် ခရီးသည်တင်ကားသည် အခင်းဖြစ်နေရာအရောက် နောက်ဘီးလက်မောင်းတန်းပြုတ်ထွက်၍ အရှိန်မထိန်းနိုင်ဘဲ ယာဘက်မြေသားလမ်းပေါ်သို့ တိမ်းမှောက်သွားခဲ့သည်။

ဖြစ်စဥ်အား ပေပင်လေးအမြန်လမ်းမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ပေပင်လေးအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ပြုလုပ်ခဲ့ကြသည်။

ခရီးသည်တင်ကားတိမ်းမှောက်မှုကြောင့် ကားပေါ်တွင်လိုက်ပါလာသူများအနက် အမျိုးသား ၁ ဦးနှင့်အမျိုးသမီး ၅ ဦးတို့တွင် ထိခိုက်ဒဏ်ရာများ (မစိုးရိမ်ရ)ရရှိခဲ့သဖြင့် မိတ္ထီလာပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here