ဘီလင်းမြို့နယ်တွင် လဘက်ရည်ဆိုင်ထိုင်နေသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး သေနတ်ဖြင့်ပစ်ခတ်ခံရ

0
280

ဘီလင်းမြို့နယ်တွင် လဘက်ရည်ဆိုင်ထိုင်နေသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး သေနတ်ဖြင့်ပစ်ခတ်ခံရ

မွန်ပြည်နယ်၊ဘီးလင်းမြို့နယ်၊ကျောက်ရေတွင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးအနီးရှိ လဘက်ရည်ဆိုင်၌ထိုက်နေသည့် ကျေးရွာအုပ်ချုပ်ရေးမှူးကိုသန်းလှိုင်(ခ)ရုပ်ချောသည် ဇူလိုင် ၂၅ ရက်နံနကိပိုင်းက သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။

လဘက်ရည်ဆိုင်ထိုင်နေသည့် ကျေးရွာအုပ်ချုပ်ရေးမှုးကိုသန်းလှိုင်(ခ)ရုပ်ချောအား အမည်မသိအမျိုးသား ၄ ဦးမှ ဆိုင်အတွင်းဝင်ရောက်၍ သေ နတ်ဖြင့်ပစ်ခတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးကိုသန်းလှိုင်(ခ)ရုပ်ချောတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် စိုးရိမ်ရလူနာအဖြစ် သထုံခရိုင်ပြည်သူ့ဆေးရုံကြီးရှိ ခွဲစိတ်ဆောင်သို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“ကျည်ထိမှန်ဒဏ်ရာ ၄ ချက်လောက်ရတယ်လို့သိရတယ် သွေးတွေလည်းအများကြီးထွက်နေတယ် သူ့ကိုလာပစ်တဲ့လူ ၄ ယောက်ကပစ်ပြီးတာနဲ့ချက်ခြင်းထွက်ပြေးသွားကြတာ အခုတော့ဆေးရုံမှာကုသမှုခံယူနေတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်ခဲ့ကြပြီး အခင်းဖြစ်နေရာအနီးမှ ကျည်ခွံအချို့ကို သိမ်းဆည်းရမိခဲ့ကာ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here