မျောက်ကျောက်ရောဂါဆိုင်ရာ ပြည်သူ့ကျန်းမာရေး​ဆောင်ရွက်ချက်များကို တိုးမြှင့်​ဆောင်ရွက်ရန် WHO တောင်းဆို

0
129

မျောက်ကျောက်ရောဂါဆိုင်ရာ ပြည်သူ့ကျန်းမာရေး​ဆောင်ရွက်ချက်များကို တိုးမြှင့်​ဆောင်ရွက်ရန် WHO တောင်းဆို

စင်္ကာပူ၊ဇူလိုင် ၂၅

အရှေ့တောင်အာရှဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရုံးက မျောက်ကျောက်ရောဂါနှင့်ပတ်သက်၍ အရှေ့တောင်အာရှနိုင်ငံများအနေဖြင့် ပိုမိုစောင့်ကြည့်ကာ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု‌​ဆောင်ရွက်ချက်များကို တိုးမြှင့်လုပ်ဆောင်ရန် တောင်းဆိုခဲ့သည်။အဆိုပါတောင်းဆိုချက်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က မျောက်ကျောက်အား ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေနေအဖြစ် ကြေငြာပြီးနောက် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ဆေးရုံများနှင့်ဆေးခန်းများတွင် ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်ရေးနှင့် ကာကွယ်ဆေးသုတေသနကို အရှိန်မြှင့်လုပ်ဆောင်ခြင်းသည် WHO ၏ အရှေ့တောင်အာရှဒေသဆိုင်ရာ ဒါရိုက်တာ ဒေါက်တာ Poonam Khetrapal Singh က အကြံပြုထားသော အစီအမံအချို့ဖြစ်ကြောင်း ဇူလိုင် ၂၄ ရက်ကထုတ်ပြန်ခဲ့သည်။

ယခုထိနိုင်ငံပေါင်း ၇၅ နိုင်ငံတွင် မျောက်ကျောက်ရောဂါ ဖြစ်ပွားသူ ၁၆,၀၀၀ ကျော်ရှိသည်။အရှေ့တောင် အာရှဒေသတွင် မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုလေးခုရှိခဲ့ပြီး – အိန္ဒိယမှ ၃ ဦး၊ ထိုင်းနိုင်ငံမှ ၁ ဦးတို့ ဖြစ်သည်။ဒေသတွင်း၌WHO က အုပ်စုဖွဲ့ထားသည့် အခြားကိုးနိုင်ငံ မှာ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ မြောက်ကိုရီးယား၊ အင်ဒိုနီးရှား၊ မော်လ်ဒိုက်၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနှင့် အရှေ့တီမောတို့ ဖြစ်သည်။

မျောက်ကျောက်ရောဂါသည် လျင်မြန်စွာ ပျံ့နှံ့နေပြီး ယခင်ကမဖြစ်ဖူးသော နိုင်ငံအများအပြားသို့တိုင် ပျံ့နှံ့သွားမည်ကိုအလွန်စိုးရိမ်နေသည်။သို့သော် အမျိုးသားချင်းလိင်ဆက်ဆံသူများ၌ ဖြစ်ပွားမှုများကိုအလေးထားဆောင်ရွက်ခြင်းသည် ရောဂါပိုမိုပြန့်ပွားမှုကို တားဆီးနိုင်မည့်နည်းလမ်းဖြစ်နိုင်သည် ဟု ဒေါက်တာ Khetrapal Singh ကပြောသည်။

တနင်္လာနေ့က CNA နှင့်ရုပ်မြင်သံကြား​တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် အမေရိကန်ကူးစက်ရောဂါဆိုင်ရာကျွမ်းကျင်သူ Dr Amesh Adalja က “ဘယ်သူပဲဖြစ်ဖြစ် မျောက်ကျောက်ဖြစ်နိုင်တာက‌​တော့မှန်ပေမယ့် ရောဂါဖြစ်ပွားမှုတွင် ထူးခြားတဲ့ဝိသေသလက္ခဏာ‌​တွေရှိတယ်”ဟုဆိုသည်။မျောက်ကျောက်သည် လူမှုရေးနှင့်လိင်ပိုင်းဆိုင်ရာနှင့်ပတ်သက်၍တွေ့ရှိရသည်ဟု ဆိုလိုခြင်းဖြစ်ကာ လေ့လာချက်များအရ ရောဂါပိုးကူးစက်သူအများစုသည် အခြားအမျိုးသားများနှင့် လိင်ဆက်ဆံသည့် အမျိုးသားများဖြစ်ကြောင်းတွေ့ရှိရသည်ဟုဆိုသည်။

“ဒါဟာ ကျွန်တော်တို့အနေနဲ့ ဒီလိုလိင်တူနေသူများကို ပိုသတိထားစောင့်ကြည့်ရမယ်ဆိုတာ ရှင်းရှင်းလင်းလင်းပြနေတာပါပဲ” ဂျွန်ဟော့ပ်ကင်းစ်တက္ကသိုလ်မှအကြီးတန်း ပညာရှင်တစ်ဦးကပြောကြားခဲ့သည်။

တနင်္လာနေ့က စင်္ကာပူကျန်းမာရေးဝန်ကြီး Ong Ye Kung သည်ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မျောက်ကျောက်ရောဂါအတွက် ကာကွယ်ဆေး၏ နောက်ဆက်တွဲဆိုးကျိုးက အကျိုးကျေးဇူးများထက် ပိုသောကြောင့်အစုလိုက်အပြုံလိုက် ကာကွယ်‌ဆေးထိုးရန် အစီီစဥ်မရှိကြောင်းပြောကြားခဲ့သည်။သို့သော်ဝန်ကြီးဌာနအနေဖြင့်မူ အခြေနေကိုအနီးကပ်စောင့်ကြည့်နေမည်ဖြစ်ကြောင်းဆိုခဲ့သည်။

စင်္ကာပူတွင် မျောက်ကျောက်ရောဂါ ထပ်မံဖြစ်ပွားသူ ၂ ဦးရှိခဲ့ပြီး တစ်ဦးမှာဇူလိုင် ၂၁ ရက်က လန်ဒန်မှ ရောက်ရှိလာသော အသက် ၄၆ နှစ် အရွယ်အက်စ်တိုးနီးယား အမျိုးသားတစ်ဦးဖြစ်ကာ နောက်တစ်ဦးမှာအသက် ၂၆ နှစ် အရွယ်စင်္ကာပူအမျိုးသားတစ်ဦးတို့ဖြစ်ကြသည်။

“ကမ္ဘာနှင့်ဒေသတွင်းဆိုင်ရာ မျောက်ကျောက်ကူးစက်မှုက ပုံမှန်ဖြစ်နေသော်လည်း နောက်ပိုင်းတွင်ကူးစက်မှုမြင့်တက်လာမည်မှာ ရှောင်လို့မရသည့်အချက်ဖြစ်သည်” ဟု ဒေါက်တာ Knetrapal Singh ကဆိုသည်။

“မျောက်ကျောက်ရောဂါ ပြန့်ပွားမှုကို တားဆီးနိုင်ဖို့ ပြင်းထန်တဲ့တုံ့ပြန်မှုတွေကို သတိရှိကြဖို့ လိုပါတယ်” ဟုလည်း၎င်းကဆိုသည်။

Source – CNA/rc (jo)


LEAVE A REPLY

Please enter your comment!
Please enter your name here