ယနေ့ (ဇူလိုင်လ ၂၆ ရက်) ကိုဗစ် – ၁၉ ရောဂါ ကူးစက်ခံရသူ (၁၄) ဦးတွေ့ရှိ

0
148

ယနေ့ (ဇူလိုင်လ ၂၆ ရက်) ကိုဗစ် – ၁၉ ရောဂါ ကူးစက်ခံရသူ (၁၄) ဦးတွေ့ရှိ 

ယနေ့ ဇူလိုင်လ (၂၆)ရက် ည (၈) နာရီအချိန် ကျန်းမာ ရေး ဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ် – ၁၉ ရောဂါပိုး ကူးစက် ခံရသူ (၁၄) ဦး ရှိကြောင်း သိရသည်။

ဇူလိုင်လ (၂၅) ရက် ည (၈) နာရီမှ (၂၆)ရက် (၈) နာရီအ ထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၅,၄၅၈) ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာသစ် (၁၄) ဦး တွေ့ရှိရခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၈,၅၀၆,၀၃၆) ခုအားစစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအ တည်ပြုလူနာ စုစုပေါင်း (၆၁၃,၉၈၀) ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ဓာတ်ခွဲအတည်ပြု လူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိကုသမှုပေးခြင်းများဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ (၁၃) ဦး ရှိသဖြင့် ယနေ့အထိ ပြန်လည်ကောင်း မွန်လာသူ စုစုပေါင်း (၅၈၂,၈၃၆) ဦး ရှိပြီဖြစ်ပြီး သေဆုံးသူစုစုပေါင်း (၁၉,၄၃ ၄) ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ် – ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ရောဂါကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ ဇူလိုင်လ ၂၃  ရက်နေ့အထိ အသက် (၁၈) နှစ်နှင့်အထက် လူဦးရေစုစုပေါင်း (၃၀,၀၄၈,၈၂၇) ဦးနှင့် အသက် (၁၈) နှစ်အောက် လူဦး ရေစုစုပေါင်း (၅,၉၃၂,၇၆၈) ဦးတို့အား ထိုးနှံထားရှိပြီး ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here