ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် (၄) ဦး၏ ရုပ်အလောင်း ပြန်ပေးခြင်း မပေးခြင်းကိစ္စသည် ထောင်အာဏာပိုင်၏ ဆုံးဖြတ်ချက်သာဖြစ်ဟုဆို

0
192

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် (၄) ဦး၏ ရုပ်အလောင်း ပြန်ပေးခြင်း မပေးခြင်းကိစ္စသည် ထောင်အာဏာပိုင်၏ ဆုံးဖြတ်ချက်သာဖြစ်ဟုဆို

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါ အဝင် သေဒဏ်စီရင်ခံရသူ (၄) ဦး၏ ရုပ်အလောင်း ပြန်ပေးရန် မပေးရန်ကိစ္စမှာ အကျဉ်းထောင် တာဝန်ရှိသူများ၏ ဆုံးဖြတ်ပိုင်ခွင့်သာ ဖြစ်ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

‌ဇူလိုင်လ (၂၆) ရက် မွန်းလွဲပိုင်းက ကျင်းပသည့် သတင်း စာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

” အလောင်းပြန်ပေးခြင်း မပေးခြင်းဆိုတဲ့ကိစ္စဟာထောင်မှူးရဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်တယ်။ ထောင်အာ ဏာပိုင်တွေရဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်တယ် ” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ ပြည် သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော် အပါအဝင် (၄) ဦးကို သေဒဏ် စီရင်ပြီးကြောင်း ဇူ လိုင်လ (၂၄) ရက်ပါ ရက်စွဲဖြင့် နစကက နိုင်ငံပိုင် သတင်းစာမှတဆင့် ဇူလိုင်လ (၂၅) ရက်တွင် သတင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စီရင်ချက်သည် မြန်မာနိုင်ငံတွင် ဆိုင်းငံ့ထားသည့် သေဒဏ် အမှန်တကယ်စီရင်မှုကို နှစ်ပေါင်း (၃၀) ကျော်အကြာတွင် တဖန်ပြန်လည် အသက်သွင်းခဲ့ခြင်း ဖြစ်ပြီး ရက်စက်သည့် လုပ်ရပ် ဖြစ်သည်ဟုဆိုကာ နိုင်ငံတကာအဖွဲ့အစည်းအချို့က ပြစ်တင်ဝေဖန်မှုများ မြင့်တက်နေခြင်း ဖြစ်သည်။

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့အား ပြစ်ဒဏ်စီရင်မှုနှင့် ပတ်သက်၍ မိသားစုဝင်များထံ ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ သတင်းထုတ်ပြန်ပြီးနောက်ပိုင်း သွားရောက်မေးမြန်းစဉ်တွင်လည်း အကျဉ်းထောင် တာဝန်ရှိသူများက တိကျသည့် အချက်အလက်ခိုင်ခိုင်မာမာဖြင့်ဖြေကြား ခြင်း မရှိကြောင်း မိသားစုဝင်များက မီဒီယာများတွင် ဖြေကြားထားသည်။

အဆိုပါ (၄) ဦးအား သေဒဏ် စီရင်ခြင်းမှာ ပုဂ္ဂိုလ်ရေးအရစီရင်ခြင်း မဟုတ်သည့်အပြင် ဒီမိုကရေစီအရေး လှုပ်ရှားသူများဖြစ်၍ စီရင်ခြင်းမျိုး မဟုတ်ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြောသည်။

ကိုဂျင်မီ (ခ) ကိုကျော်မင်းယုကို ၂၀၂၁ အောက်တိုဘာတွင် မြောက်ဒဂုံမြို့နယ် ပင်လုံအိမ်ရာ၌ လည်းကောင်း၊ ကိုဖြိုးဇေယျာသော် (ခ) မောင်ကျော်ကို ၂၀၂၁ နိုဝင်ဘာ တွင် ဒဂုံဆိပ်ကမ်းမြို့နယ် ရတနာနှင်းဆီအိမ်ရာ၌ လည်း ကောင်း လက်နက်များနှင့်အတူ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ၂၀၂၂ ဇန်နဝါရီ ၂၁ ရက်တွင် စစ်ခုံရုံးဖြင့် သေဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

‌သေဒဏ် စီရင်ခံခဲ့ရသည့် (၄) ဦးထဲမှ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့သည် လှိုင်သာယာမြို့နယ်မှ အမျိုး သမီးတစ်ဦးကို သတ်ဖြတ်ခဲ့သဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ် ဧပြီလတွင် စစ်ခုံရုံးမှ အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်ချမှတ်ခဲ့ခြင်း ဖြစ် သည်။

Telegram တွင်ဖတ်ရန် >>
https://t.me/popularjournal


LEAVE A REPLY

Please enter your comment!
Please enter your name here