ကွာလာလမ်ပူနှင့် ကလမ်းဗယ်လီတွင် မီးပြတ်၊ KLIA လေဆိပ် ပင်မတာမင်နယ်တွင်လည်း မီးပြတ်နေ

0
198

ကွာလာလမ်ပူနှင့် ကလမ်းဗယ်လီတွင် မီးပြတ်၊ KLIA လေဆိပ် ပင်မတာမင်နယ်တွင်လည်း မီးပြတ်နေ

မလေးရှားနိုင်ငံရှိ နေရာအချို့တွင် ယနေ့ ဇူလိုင် ၂၇ မွန်းလွဲပိုင်းက လျှပ်စစ်ဓာတ်အားပြတ်တောက်မှုဖြစ်ပွားရာ ကွာလာလမ်ပူမြို့နှင့် ကလမ်းဗယ်လီတို့တွင်ပါ ပြတ်တောက်ခဲ့ကြောင်းသိရသည်။

ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်(KLIA)၏ ပင်မတာမင်နယ်တွင်ပါ လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့သည်။

ထို့ကြောင့် KLIZ မှ အင်ဂျင်နီယာအဖွဲ့သည် ယင်းကိစ္စကိုဖြေရှင်းရန်အတွက် Tenaga Nasional Berhad (TNB) နှင့် ဆက်သွယ်နေကြောင်းသိရသည်။

မလေးရှားနိုင်ငံတစ်၀န်း ဒေသ အတော်များများတွင် လျှပ်စစ်မီးပြတ်တောက်ကြောင်းသိရပြီး မည်သည့်အကြောင်းကြောင့် မည်သည့်ဒေသများတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်ရခြင်းကိုမူ လတ်တလော မသိရသေးချေ။

Ref: Power outage reported in Kuala Lumpur, Klang Valley; KLIA’s main terminal affected


LEAVE A REPLY

Please enter your comment!
Please enter your name here