ဖိလစ်ပိုင်တွင် အင်အားပြင်းငလျင်လှုပ်

0
143

ဖိလစ်ပိုင်တွင် အင်အားပြင်းငလျင်လှုပ်

ဖိလစ်ပိုင်နိုင်ငံလူဇုံကျွန်းတွင် ရစ်ခ်တာစကေး ၇ ဒသမ ၁ အဆင့်ရှိ ငလျင်တစ်ခု ဗုဒ္ဓဟူးနေ့က လှုပ်ခတ်ခဲ့ပြီး မြောက်ပိုင်းပြည်နယ်ရှိ ဆေးရုံနှင့်အဆောက်အအုံများကို ဆိုးရွားစွာပျက်စီးစေကာ မြို့တော်မနီလာတွင်လည်းပြင်းထန်စွာ လှုပ်ခတ်သွားကြောင်း အမေရိကန်ဘူမိဗေဒစစ်တမ်းက ဖော်ပြခဲ့သည်။

Dolores ၏ အရှေ့တောင်ဘက် ၁၁ ကီလိုမီတာ (၆ မိုင်) အကွာတွင် လှုပ်ခတ်ခဲ့သောငလျင်ကြောင့် ပြင်းထန်စွာထိခိုက်ဒဏ်ရာရမှုများ သို့မဟုတ် သေဆုံးမှုများရှိမရှိ သတင်းများကိုမူ အတိအကျမသိရသေးပေ။


ငလျင်လှုပ်ခတ်ပြီးနောက် Abra ပြည်နယ်ရှိ ဆေးရုံတစ်ရုံ၌ အဆောက်အအုံတစ်ပိုင်းပြိုကျပြီးနောက် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသော်လည်း ထိခိုက်သေဆုံးမှုမရှိကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။

Abra အုပ်ချုပ်ရေးမှူး Joy Bernos သည် ပျက်စီးသွားသော Abra ပြည်နယ်ဆေးရုံ၏ ဓာတ်ပုံများကို ၎င်း၏ Facebook အကောင့်တွင် တင်ထားပြီး အရှေ့ဝင်ပေါက် မျက်နှာစာတွင် တွင်းပေါက်ဖြစ်နေသည်ကို တွေ့ရှိရသည်။အခြားဓာတ်ပုံများတွင် ဆေးရုံကုတင်များ၊လူနာများကိုဆေးရုံဝန်ထမ်းများက ကယ်ထုတ်နေပုံများကိုတွေ့ရသည်။

“ငလျင်က စက္ကန့် ၃၀ ကျော်ကျော်ကြာသွားတယ်၊အိမ်တောင် ပြိုကျမယ်ထင်တာ “ဟု Singson ကဆိုသည်။


“မနီလာတွင်လည်း ငလျင်လှုပ်ခတ်မှုကို ခံစားရပြီး အဆောက်အအုံအများအပြားရှိလူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကာ လူအချို့သည် အဆောက်အအုံတစ်ခု၏ အထပ် ၃၀ မှ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟုသိရသည်။မြို့တွင်းရထားလမ်းများကိုလည်း  လူသုံးများသည့်အချိန်၌ပင် ရပ်တန့်ခဲ့ရသည်” ဟုသိရှိရသည်။

ဖိလစ်ပိုင်နိုင်ငံသည် ငလျင်လှုပ်ခတ်သောမီးတောင်များနှင့် ပြတ်ရွေ့ကြောများဖြစ်သည့် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ငလျင်ကြောများပေါ်တွင်တည်ရှိသောကြောင့်သဘာဝဘေးအန္တရာယ်များကျရောက်လေ့ရှိသည်။

Source – Reuters/


LEAVE A REPLY

Please enter your comment!
Please enter your name here