ပြည်ကြီးတံခွန်မြို့နယ်တွင် အမျိုးသား တစ်ဦးအား သတ်ဖြတ်ကာ ကားလုယူမှု ဖြစ်ပွား

0
125

ပြည်ကြီးတံခွန်မြို့နယ်တွင် အမျိုးသား တစ်ဦးအား သတ်ဖြတ်ကာ ကားလုယူမှု ဖြစ်ပွား

မန္တလေးတိုင်း၊ပြည်ကြီးတံခွန်မြို့နယ်၊ ၁၃၈ လမ်းနှင့် ၁၃၉လမ်းကြား ၇၇ နှင့် ၇၈ လမ်းကြားတွင် ဇူ လိုင် ၂၆ ရက်မွန်းလွဲ ၂ နာရီခွဲခန့်က ထိခိုက်ဒဏ် ရာများရရှိကာသေဆုံးနေသည့် အသက်(၃၀)နှစ်ခန့်ရှိ အမျိုးသားတစ်ဦး၏ ရုပ်အလောင်းအား တွေ့ရှိခဲ့ရသည်။

သေဆုံးသူမှာ အမရပူရမြို့နယ်၊ မြစ်လောင်းကျေးရွာတွင် နေထိုင်သည့် အသက် (၃၀) နှစ်အရွယ် ကိုရဲကိုထက်ဆိုသူဟုသိရသည်။

၎င်းသည် ဇူလိုင်လ (၂၆) ရက် မွန်းလဲပိုင်းက နေအိမ်မှ ပြည်ကြီးတံခွန်မြို့နယ်၊စွယ်တော်စက်မှုဘက်သို့ ပစ္စည်းသွားယူမည်ဟုဆိုကာ ဆူဇူကီးကားအဖြူရောင်ဖြင့် ထွက်ခွာသွားစဥ် ယခုကဲ့သို့ သတ်ဖြတ်ကာ ကားလုယူခံခဲ့ရခြင်းဖြစ်ကြောင်း မိသားစုဝင်များနှင့် လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။

အဆိုပါ အမျိုးသားသည် လမ်းဘေးခြုံအတွင်း၌ မျက် ကွင်းများညိုမဲ၊နှာခေါင်းသွေးထွက်ဒဏ်ရာများရကာ မှောက်လျှက်အနေထားဖြင့် သေဆုံးနေခြင်းဖြစ်သည်။

သေဆုံးသူ၏ရုပ်အလောင်းအား ရွှေမဥ္ဇူပရဟိတ လူမှုကူ ညီရေးအသင်းမှ မန္တလေးမြို့ပြည်သူ့ဆေးရုံကြီး ရေခဲ တိုက်သို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

လက်ရှိတွင် ၎င်းမောင်းနှင်သွားသည့် Suzuki Swift ကားမှာ ပျောက်ဆုံးနေပြီး  ပြစ်မှုကျူးလွန်သူများအား ဖမ်း ဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here