သေဆုံး၊ဒဏ်ရာရခဲ့ကြသည့် အပြစ်မဲ့ပြည်သူ များနှင့်ပညာရေး၊ကျန်းမာရေး၊စီးပွားရေးအခြေခံအဆောက်အဦးများ ပျက်စီးဆုံးရှုံးခဲ့ရခြင်းများကို လျစ်လျူရှုပြီး တစ်ဖက်သတ်ထုတ်ပြန်ခဲ့သည့် ကြေညာချက်များအား ပြင်းထန်စွာကန့်ကွက်ပယ်ချဟု နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်

0
232

သေဆုံး၊ဒဏ်ရာရခဲ့ကြသည့် အပြစ်မဲ့ပြည်သူ များနှင့်ပညာရေး၊ကျန်းမာရေး၊စီးပွားရေးအခြေခံအဆောက်အဦးများ ပျက်စီးဆုံးရှုံးခဲ့ရခြင်းများကို လျစ်လျူရှုပြီး တစ်ဖက်သတ်ထုတ်ပြန်ခဲ့သည့် ကြေညာချက်များအား ပြင်းထန်စွာကန့်ကွက်ပယ်ချဟု နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်

ပြည်ပနိုင်ငံအချို့၊ဒေသတွင်းနှင့်နိုင်ငံတကာအဖွဲ့အစည်းအချို့မှ နိုင်ငံအတွင်း အပြစ်မဲ့ပြည်သူ များအားရက်စက်၍ လူမဆန်သည့်သတ်ဖြတ် ကျူးလွန်မှုများနှင့်အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ရာတွင် စီစဉ်ညွှန်ကြားစီမံဆောင်ရွက် ခြင်း၊ပူးပေါင်းကြံစည်ခြင်း၊ကိုယ်တိုင်ပါဝင်ကျူးလွန်ခြင်းခဲ့သူ ၄ ဦးအား အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနှင့်ရာဇသတ်ကြီးပါ ပြဋ္ဌာန်းချက်ပုဒ်မများအရ ပြစ်မှုထင်ရှားသဖြင့် သေဒဏ်ချမှတ်ခဲ့ခြင်းအပေါ် ဝေဖန်ပြစ်တင်သည့် ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။

မြန်မာနိုင်ငံသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဉပဒေစိုးမိုးရေးနှင့်ပြည်သူများ၏ လုံခြုံရေးအတွက် ၎င်းတို့ ၄ ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့်ရာဇသတ်ကြီးပါ ပြဋ္ဌာန်းချက်ပုဒ်မများဖြင့် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံခြား ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ထို့ပြင် နိုင်ငံတကာအကြမ်းဖက်မှုတိုက်ဖျက်ရေးပြဋ္ဌာန်းချက်များနှင့်သဘောတူညီချက်များ၌ မည်သည့်အကြမ်းဖက်လုပ်ရပ်ကိုမဆို မည်သည့်အခြေအနေ၊မည်သည့် အနေအထား၊မည်သည့်အ ကြောင်းပြချက်နှင့်မျှကျူးလွန်ခြင်းအား လက်ခံခြင်းမပြုကြောင်းနှင့်ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူရန် ပြဋ္ဌာန်းဖော်ပြထားသည်ဟု နိုင်ငံ ခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ရေးသားထားသည်။

အလားတူ နိုင်ငံတကာအဖွဲ့အစည်းများ၊နိုင်ငံများ သည် နိုင်ငံအချင်းချင်းဆက်ဆံရာ၌ တစ်နိုင်ငံ၏ အချုပ်အခြာအာဏာအား တစ်နိုင်ငံက လေးစားရေး၊ပြည်တွင်းရေးကို အခြားတစ်နိုင်ငံကဝင်ရောက်စွက်ဖက်မှုမပြုရေး၊နိုင်ငံအချင်းချင်းတန်း တူညီမျှရှိမှုကို လေးစားလိုက်နာရေး အခြေခံမူများကို လိုက်နာကျင့်သုံးသွားရမည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ယခုကိစ္စတွင် မြန်မာနိုင်ငံ၌ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အာဏာ (၃) ရပ်ကို တာဝန်ယူထားသည့် အစိုးရအနေဖြင့် တ ရားစီရင်ရေးအာဏာအား ဥပဒေနှင့်အညီ ကျင့် သုံး၍ အကြမ်းဖက်လုပ်ရပ်များနှင့် ကျူးလွန်မှုများကို ထိရောက်စွာ တားဆီးကာကွယ်ရန် ပြစ် ဒဏ်ချမှတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံ ခြားရေးဝန်ကြီးဌာနမှထုတ်ပြန်ခဲ့သည်။

ထိုသို့ မြန်မာအစိုးရ၏ ဆောင်ရွက်ချက်အပေါ် ဝေဖန်ပြစ်တင်မှုများသည် မြန်မာနိုင်ငံ၏ ပြည် တွင်းရေးအား စွက်ဖက်ရာရောက်ပြီး အကြမ်း ဖက်လုပ်ရပ်များကို သွယ်ဝိုက်အားပေးရာရောက်စေသည်အား သတိပြုရန်ဖြစ်သည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။

အဆိုပါ အကြမ်းဖက်လုပ်ရပ်များကြောင့် သေ ဆုံး၊ဒဏ်ရာရခဲ့ကြသည့် အပြစ်မဲ့ပြည်သူများနှင့်ပညာရေး၊ကျန်းမာရေး၊စီးပွားရေးအခြေခံအ ဆောက်အဦးများ ပျက်စီးဆုံးရှုံးခဲ့ရခြင်းတို့အားလျစ်လျူရှု၍ တစ်ဖက်သတ်ထုတ်ပြန်ခဲ့သည့် ကြေညာချက်များအား ကန့်ကွက်ပယ်ချသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here