မိုင်းဖုန်းဆရာတော်ကြီး ဂူထွက်ချိန်၌လာရောက်ဖူးမြှော်မည့်သူများ သတ်သတ်လွတ်စားကြရန် တိုက်တွန်း

0
571

မိုင်းဖုန်းဆရာတော်ကြီး ဂူထွက်ချိန်၌လာရောက်ဖူးမြှော်မည့်သူများ သတ်သတ်လွတ်စားကြရန် တိုက်တွန်း

ရှမ်းပြည်နယ်၊မိုင်းဆတ်မြိုနယ်ရှိ မိုင်းကျက်ဂူအတွင်း၌ ၃ နှစ် ၃ လ ၃ ရက်တိတိ ဂူတွင်းအဓိ ဌာန်ကျင့်ကြံခဲ့ရာမှ ဇူလိုင် ၃၁ ရက်တွင်ပြန်လည်ထွက်ခွာလာမည့် မိုင်းဖုန်းဆရာတော်ကြီးအား လာရောက်ဖူးမြှော်မည့်သူများအနေဖြင့် သတ် သတ်လွတ်စားကြရန် ဆရာတော်ဦးဥာဏသီရိမှမိန့်ကြားထားကြောင်း သိရသည်။

ထို့အတူ ဆရာတော်ဦးဥာဏသီရိမှ အရက်သေစာသောက်စားခြင်းမပြုရန်လည်း မိန့်ကြားထား သည်ဟု မိုင်းဖုန်းဆရာတော်ကြီး၏ တပည့်သာဝ ကများထံမှ သိရသည်။

“ဟုတ်ပါတယ် ဆရာတော်ကြီးကိုလာရောက်ဖူးမြှော်ကြတဲ့အခါ တိတ်တိတ်ဆိတ်ဆိတ်နဲ့အေး အေးချမ်းချမ်းဖူးမြှော်နိုင်အောင် အခုလိုမိန့်ကြားထားတာပါ အရက်သောက်စားပြီးမူးနေကြရင် တခြားလူတွေကိုအနှောင့်အယှက်ပေးသလိုဖြစ်နေတော့ မသောက်စေချင်ဘူး ဒါ့ကြောင့်ပါ”ဟု မိုင်းဖုန်းဆရာတော်ကြီး၏ တပည့်သာဝကတစ်ဦးကပြောသည်။

ထို့ပြင် မိုင်းဖုန်းဆရာတော်ကြီးအား လာရောက်ဖူးမြှော်မည့်သူများ နေထိုင်ရေးနှင့်စားသောက်ရေးအဆင်ပြေစေရန် အလှူရှင်များမှလည်း လှူဒါန်းကျွေးမွေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“အကျွေးအမွေးအတွက်ကတော့ အလှူရှင်တွေကအကုန်စီစဥ်ပြီးနေကြပြီ လာဖူးတဲ့လူတွေ တည်းဖို့အတွက်လည်းအဆောက်အဦးတွေအဆင်သင့်ဖြစ်နေပါပြီ အခုဆိုရင် ဆရာတော်ကြီးကိုဖူးဖို့ရောက်နေတဲ့လူတွေ အတော်များများရောက်နေကြပါပြီ နေထိုင်ဖို့အဆင်ပြေအောင် စီစဥ်ထားပေးပေမယ့် စောင်၊ခေါင်းအုံးနဲ့ခြင်ထောင်တွေတော့ယူလာကြတာအကောင်းဆုံးပါပဲ မိုးရာသီဖြစ်တဲ့အတွက် ထီးနဲ့မိုးကာတွေလည်းယူလာကြပါလို့ မှာချင်ပါတယ်”ဟု မိုင်းဖုန်းဆရာတော်ကြီး၏ တပည့်သာဝကတစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here