တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၅၄ဝဝ ကျော်တန်ဖိုးရှိ အိုက်စ်များဖမ်းမိ

0
163

တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၅၄ဝဝ ကျော်တန်ဖိုးရှိ အိုက်စ်များဖမ်းမိ

ရှမ်းပြည်(အရှေ့ပိုင်း)၊တာချီလိတ်မြို့နယ်၊ဝမ်ကျောက်လုံကျေးရွာအနီးတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သည့်ပူးပေါင်းအဖွဲ့ဝင်များက ဇူလိုင် ၂၃ ရက်ညနေပိုင်းတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့ညနေ ၅ နာရီခွဲခန့်က ဝမ်ကျောက်လုံကျေးရွာအနီးတွင် စိုင်းရီ(ခ)အိုက်ရီနှင့်အိုက်နွန်း (ခ)စိုင်းနွန်းတို့မောင်းနှင်လာသည့် Mark-II ကားဖြင့်သယ်လာသည့် အိုက်စ်(၅၁ ကီလို)အားဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူ ၂ ဦးအားစစ်ဆေးချက်အရ အိုက်စ်များသယ်ဆောင်ခိုင်းသူ ဝမ်ဟောင်ကျေးရွာနေ နွဲ့ယီ ၏နေအိမ်အားထပ်မံရှာဖွေစစ် ဆေးရာ နေအိမ်အတွင်းမှ နွဲ့ယီနှင့်စိုင်းလုံတို့ကို အိုက်စ်(၁၇ ကီလို)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် ဖမ်းဆီးရမိသူ ၄ ဦးအား မူးယစ်ဆေး ဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင် ရာဥပဒေအရအရေးယူကာ ဆက်စပ်ပြစ်မှုကျူး လွန်သူများအား ထပ်မံဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here