ဗိုလ်တထောင် (၇) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း ပစ်သတ်ခံရ

0
245

ဗိုလ်တထောင် (၇) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း ပစ်သတ်ခံရ

ဗိုလ်တထောင်မြို့နယ် အမှတ် (၇) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း(ခ) ဘော်ဘီအား ယနေ့ ဇူလိုင်လ (၂၈) ရက် နေ့လယ်တွင် (၄၂) လမ်း ထိပ်တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသူ အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း ဆိုသူမှာ ၂၀၂၁ ခုနှစ် ဩဂုတ်လအတွင်းကဖြစ်ပွားခဲ့သည့် (၄၄) လမ်းရှိ တိုက်ခန်း တစ်ခန်းအား ဝင်ရောက်ဖမ်းစီးစဉ် လူငယ်(၅) ဦး တိုက်ပေါ်မှ ခုန်ချခဲ့သည့် ဖြစ်စဉ်၌ အဓိက သတင်း ပေးသူ ဖြစ်ကြောင်း သိရသည်။

၎င်းအား ရှင်းလင်းရန် ကြိုးပမ်းခဲ့သော်လည်း ကာလရှည် ထွက်ပြေးတိမ်းရှောင်နေရာမှ ယခု ၎င်း၏ မူလနေထိုင်ရာနေရာသို့ ပြန်လည်း ရောက်ရှိနေကြောင်း သတင်းရသဖြင့် စောင့်ဆိုင်းရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းအားပစ်ခတ် သည့် Inya Urban Force အဖွဲ့က သတင်းထုတ်ပြန်ထား သည်။

ယနေ့ နေ့လယ် (၁၂) နာရီဝန်းကျင်က ဗိုလ်တထောင်မြို့ နယ် (၄၂) လမ်း ထိပ်တွင် (၇) ရပ်ကွက် အုပ်ချုပ်ရေးမှူး သန်းဝင်းအား သေနတ်ဖြင့် (၃) ချက် ပစ်ခတ်ခြင်း ခံရပြီး အခင်း ဖြစ်နေရာတွင်ပင် သေဆုံးသွားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here