ရန်ကုန်တွင် ညမထွက်ရအမိန့် ထပ်မံ ထုတ်ပြန်ခြင်း မရှိဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်

0
443

ရန်ကုန်တွင် ညမထွက်ရအမိန့် ထပ်မံ ထုတ်ပြန်ခြင်း မရှိဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ညမထွက်ရအမိန့် ထပ်မံ ထုတ်ပြန်ခြင်း မရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်သည်။

လတ်တလော ထွက်ပေါ်နေသည့် ညမထွက်ရအမိန်နှင့် ပတ်သက်သည့် ကောလာဟလများအပေါ် ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

” ရန်ကုန်တိုင်း ဒေသကြီးအတွင်း ညမထွက်ရအမိန့် ထပ်မံ ထုတ်ပြန်ခြင်း မရှိပါဘူး” ဟု ဖြေကြားခဲ့သည်။

လက်ရှိတွင် ပြည်သူလူထုအကြား ညမထွက်ရအမိန့်နှင့် ပတ်သက်၍ ကောလာဟလ သတင်းများ ပျံ့နှံနေပြီး မြို့နယ်အချို့တွင် ည (၈)နာရီမှ နံနက် (၄) နာ ရီအတွင်း ညမထွက်ရအမိန့် ထုတ်ပြန်သည်ဟု သတင်းများ ထွက်ပေါ်နေခြင်း ဖြစ်သည်။

ညမထွက်ရအမိန့်အနေဖြင့် ပုဒ်မ ၁၄၄ ကို ည(၁၂) နာရီမှ နံနက်(၄) နာရီအတွင်း သတ်မှတ်ကာ ယခင်ကတည်းက ထုတ်ပြန်ထားပြီး လက်ရှိတွင် အဆိုပါ ပုဒ်မ ၁၄၄ ကို သက်တမ်းတိုးခြင်းများသာ ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်းက မြောက်ဥက္ကလာ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ သာကေတ၊ သန်လျင် စသည့်မြို့ နယ်များအပါအဝင် မြို့နယ်အချို့တွင် ည (၈) နာရီမှ နံ နက် (၄) နာရီအတွင်း ညမထွက်ရအမိန့် သတ်မှတ်ကာ ရပ်ကွက်များအတွင်း လိုက်လံကြေ ညာနေသည်ဟုဆိုကာ ကောလာဟလ သတင်း ဖြန့်ဝေမှုများ လူမှုကွန်ရက် စာမျက်နှာများတွင် ယခုရက်ပိုင်းအတွင်း ပျံ့နှံနေခြင်း ဖြစ် သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here