သရက်ချောင်းမြို့နယ်တွင် လမ်းပြပြုလုပ်ပေးသည့် အမျိုးသားတစ်ဦး နေအိမ်၌သေနတ်ဖြင့်ပစ်သတ်ခံရ

0
149

သရက်ချောင်းမြို့နယ်တွင် လမ်းပြပြုလုပ်ပေးသည့် အမျိုးသားတစ်ဦး နေအိမ်၌သေနတ်ဖြင့်ပစ်သတ်ခံရ

 

တနင်္သာရီတိုင်း၊သရက်ချောင်းမြို့နယ်၊ကင်းရှေ့ကျေးရွာနေ ဦးကြိုင်လင်း(၄၇)နှစ်ခန့်သည့် ဇူလိုင် ၂၈ ရက်(ယနေ့)နံနက်အစောပိုင်းက သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု သိရသည်။

ယနေ့နံနက်အစောပိုင်း ၄ နာရီခန့်က အမည်မသိအမျိုးသားများသည် ဦးကြိုင်လင်း၏ နေအိမ်ပေါ်သို့တက်၍ ဦးကြိုင်လင်းအား သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးကြိုင်လင်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာအခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

“သေနတ်သံကြားပေမယ့် မနက်အစောကြီးဖြစ်နေတော့ထွက်ပြီးမကြည့်ဖြစ်ခဲ့ဘူး၊ ဦးကြိုင်လင်းက စစ်တပ်ကစစ်ကြောင်းတွေလာရင်လမ်းပြလိုက်လုပ်ပေးတယ် ဒီလောက်ပဲကျွန်တော်တို့ကသိထားတာပါ”ဟုဒေသခံတစ်ဦးကပြောသည်။

ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက လာရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here