မြိတ်မြို့တွင် Canter ကားတိမ်းမှောက်၍ ၂ ဦးထိခိုက်ဒဏ်ရာရ

0
201

မြိတ်မြို့တွင် Canter ကားတိမ်းမှောက်၍ ၂ ဦးထိခိုက်ဒဏ်ရာရ

တနင်္သာရီတိုင်း၊မြိတ်မြို့၊အေးချမ်းသာယာရပ် ကွက်၊လေယာဥ်ကွင်းလမ်းတွင် ဇူလိုင် ၂၈ ရက် (ယနေ့)မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ယနေ့မွန်းလွဲ ၂ နာရီ ၅၈ မိနစ်ခန့်က လေယာဥ်ကွင်းလမ်းအတိုင်း မောင်းနှင်လာသည့် Canter (အဖြူရောင်)ကားသည် နောက်မှကျော်တက်လာသည့် ကားအားရှောင်တိမ်းရာမှ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်။

ထိုသို့ တိမ်းမှောက်မှုကြောင့် ကားပေါ်တွင်လိုက်ပါလာသည့် ကားမောင်းသူအပါအဝင် အမျိုးသား ၃ ဦးအနက် ၂ ဦးတွင် ထိခိုက်ပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ)များရရှိခဲ့ကြောင်း သိရသည်။

အခင်းဖြစ်စဥ်အား မြိတ်ခရိုင်မီးသတ်စခန်းမှ ရှာ ဖွေကယ်ဆယ်ရေးကား ၁ စီး၊ လူနာတင်ကား ၁ စီးတို့ဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများသွား ရောက်ပြုလုပ်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here