အခေါက်ရွှေ တစ်ကျပ်သား ၂,၀၆၀,၀၀၀ ကျပ်ဖြင့်ရောင်းရန် ညွှန်ကြားထားသော်လည်း ဈေးကွက်အတွင်း ၂၂ သိန်းကျော်အထိရှိနေ

0
684

အခေါက်ရွှေ တစ်ကျပ်သား ၂,၀၆၀,၀၀၀ ကျပ်ဖြင့်ရောင်းရန် ညွှန်ကြားထားသော်လည်း ဈေးကွက်အတွင်း ၂၂ သိန်းကျော်အထိရှိနေ

ရွှေလုပ်ငန်းရှင်အသင်းများက ဈေးကွက်အတွင်း ရောင်း ချရမည့် ရွှေဈေးနှုန်းများကို ရည်ညွှန်းသတ်မှတ်ပေးနေသော်လည်း လက်ရှိဈေးကွက်အတွင်း၌ ၂၂ သိန်းကျော်အထိ ရောင်းချနေကြောင်း သိရသည်။

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်းက ဇူလိုင်လ (၂၈) ရက် ရည်ညွှန်း ရွှေဈေးနှုန်းကို ၂၀၆၀၀၀၀ ကျပ်နှုန်း သတ်မှတ်ထားသော်လည်း ဈေးကွက်အတွင်း နာမည်ရနေသည့် ရွှေဆိုင်အချို့၏ ပေါက်စျေးမှာ အခေါက်ရွှေစျေး တစ်ကျပ်သားလျှင် ၂၂ သိန်းကျော်အထိ ရှိနေသည်။

ဇူလိုင်လ (၂၈) ရက် ညနေ ‌(၄) နာရီ ဝန်းကျင် ပေါ်ပြူလာနယူး(စ်) မှ သိရှိရသည့် အချက်အလက်များအရ ရန်ကုန်မြို့တွင်းရှိ ရွှေဆိုင်များတွင်အခေါက် ရွှေ (၁) ကျပ်သားလျှင် ၂,၂၃၀,၀၀၀ ကျပ်ဖြင့် ရောင်းချနေကြောင်း သိရသည်။

အလားတူ ၁၅ ပဲရည် ရွှေ တစ်ကျပ်သားလျှင် ၂၁ သိန်း အထက် ရောင်းချပေးနေကြောင်း သိရှိရသည်။ အချိန်နှင့်တပြေးညီ စျေးနှုန်းအပြောင်းအလဲရှိနိုင်ကြောင်းလဲပြောဆိုမှုရှိသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်ထံ ပေါ်ပြူလာနယူး(စ်)က ဆက် သွယ်မေးမြန်စဉ် ဈေးကွက်အတွင်း ရွှေဝယ်လိုအားကျနေပြီး ရွှေအလုံအလောက် ရှိနေသည့်အတွက် ရွှေဈေး အဆမတန် မြင့်တက်ရန် အကြောင်းမရှိကြောင်း ပြောကြားထားသော်လည်း လက်ရှိတွင် ဈေးကွက်အတွင်း၌ (၁) ကျပ်သားလျှင် ၂,၂၀၀,၀၀၀ ကျော်အထိ  ရှိနေကြောင်းသိရသည်။

လက်ရှိတွင် ကမ္ဘာ့ရွှေဈေးကွက်တွင် အကယ်ဒမီရွှေ တစ်အောင်စလျင် အမေရိကန် ဒေါ်လာ (၁၆၉၀) ဒေါ်လာအထိ ဈေးနှုန်း ကျဆင်းနေသော်လည်း ပြည်တွင်း ရွှေဈေး ကွက်အတွင်း၌ စျေးမြင့်တက်နေခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here