ဖမ်းဆီးထိန်းသိမ်းခံ အမေရိကန်နိုင်ငံသားများအတွက် ရုရှားကို ကမ်းလှမ်းခဲ့ဟု အမေရိက ပြော

0
223

ဖမ်းဆီးထိန်းသိမ်းခံ အမေရိကန်နိုင်ငံသားများအတွက် ရုရှားကို ကမ်းလှမ်းခဲ့ဟု အမေရိက ပြော

ဝါရှင်တန်၊ ဇူလိုင် ၂၇ ရက်

အမေရိကန်ပြည်ထောင်စုသည် ရုရှားနိုင်ငံ၌ ဖမ်းဆီးထားသော အမေရိကန် နိုင်ငံသားများကို ပြန်လွှတ်ပေးရန် ရုရှားထံ အရေးပါသည့် ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ဘလင်ကန်က လာမည့်ရက်များတွင် ပြုလုပ်ရန် စီစဉ်ထားသော ရုရှားနိုင်ငံခြားရေးဝန်ကြီး နှင့် ဆွေးနွေးပွဲတွင်လည်း အဆိုပါ ကမ်းလှမ်းမှုနှင့် ပတ်သက်၍ ရုရှားထံမှ အဖြေပြန်ရရန် ဖိအားပေးသွားမည်ဟု ဆိုသည်။

ဝါရှင်တန်သည် ရုရှားနိုင်ငံ၌ ဖမ်းဆီးခံထားရသည့် အမေရိကန် အမျိုးသမီး ဘတ်စကက်ဘောအသင်း (WNBA)၏ ကြယ်ပွင့်ကစားသမား ဘရစ်တနီ ဂရင်နာနှင့် အမေရိကန် မရိန်းတပ်သားဟောင်း ပေါဝီလန် ကို အမေရိကန်သို့ ပြန်လည်ခေါ်ဆောင်နိုင်ရန်အတွက် ပြီးခဲ့သည့် အပတ်က မော်စကို အပေးအယူတစ်ခု ကမ်းလှမ်းခဲ့ကြောင်း ဘလင်ကန်က သတင်းထောက်များထံ ပြောကြားခဲ့သည်။

အဆိုပါ ကမ်းလှမ်းမှုအတွက် သမ္မတဂျိုးဘိုင်ဒင်ထံမှ အတည်ပြု လက်မှတ်ရရှိခဲ့ကြောင်း ၎င်းပြောကြားခဲ့သည်။


ဘလင်ကန်သည် အမေရိကန်ဘက်မှ မည်သည့်အရာဖြင့် အပေးအယူလုပ်ရန် ကမ်းလှမ်းခဲ့သည်ကိုမူ ဖြေကြားရန် ငြင်းဆိုခဲ့သည်။ 

သို့သော် ဝါရှင်တန်သည် အဆိုပါ ကမ်းလှမ်းမှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အမေရိကန်တွင် ထောင်ဒဏ် ၂၅ နှစ် ကျခံနေရသော ရုရှားနိုင်ငံသား လက်နက်မှောင်ခိုကူးသူ ဗစ်တာ ဘော့ကို လဲလှယ်သွားမည်ဖြစ်ကြောင်း ၎င်းကိစ္စရပ်နှင့် ရင်းနှီးကျွမ်းဝင်သူတစ်ဦးက အတည်ပြုခဲ့သည်။

အဆိုပါ ကမ်းလှမ်းမှုနှင့် စပ်လျဉ်း၍ ဝါရှင်တန်မှ တရားဝင် ဖုန်းခေါ်ဆိုမှုပြုလုပ်ခဲ့ခြင်း မရှိသေးကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်ဟု ရုရှားနိုင်ငံပိုင် တာ့စ်သတင်းဌာနက ပြောကြားခဲ့သည်။

ဖမ်းဆီထိန်းသိမ်းခံရသူများ၏ မိသားစုများသည် ဖေဖော်ဝါရီလကတည်းက ဖမ်းဆီးခံခဲ့ရသည့် နှစ်ကြိမ်မြောက် အိုလံပစ် ဆုတံဆိပ်ရှင် ဂရင်နာ၏ မကြာသေးမီက ပြုလုပ်ခဲ့သည့် အမှုစစ်ဆေးကြားနာမှုနှင့် ပတ်သက်၍ သမ္မတဘိုင်ဒင်အပေါ် ဖိအားပေးလျက် ရှိကြောင်း သိရသည်။

Source: Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here