မြောက်ကိုရီးယားအား နျူကလီးယား ဟန့်တားမှုကိုတု့န်ပြန်ရန် တပ်ပြင်နေပြီဟုကင်မ်ဂျုံအန်း ဆို

0
178

မြောက်ကိုရီးယားအား နျူကလီးယား ဟန့်တားမှုကိုတု့န်ပြန်ရန် တပ်ပြင်နေပြီဟုကင်မ်ဂျုံအန်း ဆို

ဆိုးလ်၊ ဇူလိုင် ၂၈ ရက်

မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအန်းက မြောက်ကိုရီးယားအပေါ် နျူကလီးယားလက်နက် ဟန့်တားမှုများကို ပြန်လည်တုံ့ပြန်ရန် နှင့် အမေရိကနှင့် စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံရန်တပ်ပြင်‌နေပြီဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ဇူလိုင်လ ၂၈ ရက် ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။

အဆိုပါ ပြောကြားချက်ကို ဇူလိုင်လ ၂၇ ရက်နေ့တွင် ကျင်းပသော ကိုရီးယားစစ်ပွဲ အပစ်အခတ်ရပ်စဲရေး ၆၉ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားတစ်ခု၌ ကင်မ်ဂျုံအန်းက ပြောကြားခဲ့သည်ဟု KCNA သတင်းဌာနက တရားဝင် ဖော်ပြခဲ့သည်။

အဆိုပါအခမ်းအနား၌ ကင်မ်သည် တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယို၏ အစိုးရကို ရှုတ်ချခဲ့ပြီး မြောက်ကိုရီးယား၏ ယန္တရား လည်ပတ်မှုကို ရပ်တန့်ရန် ကြံစည်နေသည့် မည်သည့် ကြိုးပမ်းမှုမျိုးကိုမဆို ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမည်ဟု ပြောကြားခဲ့သည်။

“မြောက်ကိုရီးယားဟာ အမေရိကနှင့် စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်ဖို့အတွက် လုံးဝ အဆင်သင့်ဖြစ်နေပြီဆိုတာကို နားလည်အောင် နောက်တစ်ကြိမ် ထပ်ပြီး ပြောပြထားပါတယ်” ဟု ကင်မ်က ဆိုသည်။

မြောက်ကိုရီးယားသည် ပြီးခဲ့သည့်လများအတွင်း အသံထက်မြန်သော ဒုံးကျည်များနှင့် တာတိုပစ် နျူကလီးယားလက်နက်များကို သယ်ဆောင်နိုင်သည်ဟု သိရသော ဒုံးကျည်များကို စမ်းသပ်ခဲ့ပြီး အပစ်ခတ်ရပ်စဲထားသည့် ကာလအတွင်း ဆိုးလ်မှ အဆိုပါ စမ်းသပ်မှုများအား တုံ့ပြန်နိုင်စွမ်း မရှိအောင် ပြုလုပ်ခဲ့သည်။

ထို့အပြင် မြောက်ကိုရီယားသည် ၂၀၁၇ ခုနှစ် မှစ၍ ရပ်တန့်ထားသော ၎င်း၏ နျူကလီယားလက်နက်စမ်းသပ်မှုကိုပါ ပြန်လည် စတင်ရန် ပြင်ဆင်နေကြောင်း သိရသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here