သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကို အရေးကြီးကိစ္စရပ် တစ်ခုအနေဖြင့် အလေးအနက်ထား ဆောင်ရွက်ကြရန် နိုင်ငံတော် ဒုတိယဝန်ကြီးချုပ်မှာကြား

0
237

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကို အရေးကြီးကိစ္စရပ် တစ်ခုအနေဖြင့် အလေးအနက်ထား ဆောင်ရွက်ကြရန် နိုင်ငံတော် ဒုတိယဝန်ကြီးချုပ်မှာကြား

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကို အရေးကြီး ကိစ္စရပ် တစ်ခုအနေဖြင့် အလေးအနက်ထား ဆောင်ရွက် ကြရန် နိုင်ငံတော် ဒုတိယ ဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မှာကြားလိုက်သည်။

ဇူလိုင်လ (၂၈) ရက် မွန်းလွဲပိုင်းက နေပြည်တော်တွင် ပြု လုပ်သည့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီ မံခန့်ခွဲမှုကော်မတီ အစည်းအဝေးတွင် ဒုတိယ ဝန်ကြီး ချုပ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

” သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကို အဆင့်တိုင်း၊ ကဏ္ဍတိုင်းတွင် အရေးကိစ္စတစ်ခုအနေဖြင့် အ လေးအနက်ထား ဆောင်ရွက်ရန်နှင့် ပူးပေါင်းတာ၀န်ယူ ဆောင်ရွက် ကြရန်လိုပါတယ်” ဟု ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းများသည် တစ်ဦး၊တစ်ယောက်ချင်း၊ အဖွဲအစည်း တစ်ခုချင်း၊ ဆောင်ရွက်နိုင်သည့် လုပ်ငန်းများ မဟုတ်ဘဲ ပေါင်းစည်းဆောင် ရွက်ရသည့် လုပ်ငန်းများဖြစ်သည့်အတွက် ချိတ်ဆက်ဆောင် ရွက်နိုင်မှု၊ တာဝန်ခွဲဝေယူမှုနှင့် ပူးပေါင်းဆောင် ရွက်နိုင်မှုများ အားကောင်းနေရန်လည်း လိုအပ်ကြောင်း ၎င်းက ပြော သည်။

ထို့အပြင် ကမ္ဘာတွင် ပြောင်းလဲဖြစ်ပေါ်လာနေသည့် သ ဘာဝဘေး အန္တရာယ်များ၏ သဘောသဘာဝများကို မျ က်ခြည်မပြတ် လေ့လာနေရန် လိုအပ်သကဲ့သို့ မြန်မာနိုင် ငံတွင် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များကို ရာသီကာလအလိုက်၊ ဒေသအလိုက် ခန့်မှန်းပြီး ရင်ဆိုင်တုံ့ပြန်နိုင်မည့် အကောင်းဆုံးသော အစီအမံများကို အမြဲတစေ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း မှာကြားခဲ့သည်။

ယနေ့ ကျင်းပသည့် အမျိုးသား သဘာ၀ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးသို့ ပြည်ထော င်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး၊နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here